ပကဖ

စစ်မှုထမ်းအတွက်ဟုဆိုကာ မတရားဖမ်းဆီးခံထားရသူ (၁၀) ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်

စစ်မှုထမ်းအတွက်ဟုဆိုကာ မတရားဖမ်းဆီးခံထားရသူ (၁၀) ဦး အချုပ်ဖောက်ထွက်ပြေး လွတ်မြောက်

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အချုပ်ခန်း (အထက်တန်းကျောင်းအတွင်း) တွင် စစ်မှုထမ်းအတွက်ဟုဆိုတာ မတရားဖမ်းဆီးခံထားရသော လူငယ် (၁၀) ဦး ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က အချုပ်ခန်းဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ရေဦးမြို့ရှိ အချုပ်ခန်းတွင် မတရားဖမ်းဆီးခံထားရပြီး ထွက်ပြေးလွတ်မြောက်လာသော လူငယ် (၁၀) ဦးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လွတ်မြောက်နယ်မြေတနေရာတွင် ထိန်းသိမ်းစောက်ရှောက်ထားသည်ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အသိပေးထုတ်ပြန်ထားသည်။ (more…)
Read More
ညောင်ဦးအခြေစိုက် Local PDF (၄) ဖွဲ့ “ပုဂံညီနောင် စစ်ကြောင်း” အဖြစ်ပူးပေါင်းကာ မြို့နယ် ပကဖ ကွပ်ကဲမှုခံယူ

ညောင်ဦးအခြေစိုက် Local PDF (၄) ဖွဲ့ “ပုဂံညီနောင် စစ်ကြောင်း” အဖြစ်ပူးပေါင်းကာ မြို့နယ် ပကဖ ကွပ်ကဲမှုခံယူ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ရေးလုပ်ရှားနေသော Local PDF (၄) ဖွဲ့သည် "ပုဂံညီနောင် စစ်ကြောင်း" အဖြစ် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ယနေ့ (နိုဝင်ဘာ ၂၃ ရက်)မှ စတင်ကာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကွပ်ကဲမှုကို ခံယူကာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။ (more…)
Read More
ဒေသခံပြည်သူများအတွက် ပကဖ အဖွဲ့များ ဗုံးခိုကျင်းများ လုပ်ဆောင်ပေးနေ

ဒေသခံပြည်သူများအတွက် ပကဖ အဖွဲ့များ ဗုံးခိုကျင်းများ လုပ်ဆောင်ပေးနေ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ စစ်ကိုင်းတိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် နယ်မြေခံ ပကဖ အဖွဲ့များက ဦးဆောင်ပြီး ဒေသခံပြည်သူများအတွက် ဗုံးခိုကျင်းများ တည်ဆောက်ပေးခဲ့ကြောင်း စစ်ကိုင်းခရိုင် ပကဖက ထုတ်ပြန်ထားသည်။ ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်းများအား တည်ဆောက်ရာ၌ ခိုင်ခံ့စနစ်ကျပြီး ဘေးကင်းစေရန်အတွက် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
လက်နက်ဖိုးအကြွေးတောင်းပြီး ပြန်လာသည့် ပကဖရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရ

လက်နက်ဖိုးအကြွေးတောင်းပြီး ပြန်လာသည့် ပကဖရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရ

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နှင့် အရာတော်မြို့နယ်ကြား အုတ်ရှစ်ကြီးရွာအနီး၌ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၂) ဦး လုပ်ကြံပစ်သတ်ခံရကြောင်း ဒီပဲယင်းဒေသခံတစ်ဦးထံက သိရသည်။ ယခုလ အောက်တိုဘာ (၄) ရက်က ရွှေဘိုမြို့နယ် ပေါက်ချိုင်ကျေးရွာ၌ လက်နက်ဖိုး အကြွေးသွားတောင်းသည့် ဘုတလင် ပကဖအဖွဲ့မှ ရဲဘော် (၂) ဦးသည် ငွေကျပ် သိန်း (၂၀၀) ကျော်နှင့်အတူ ပေါက်ချိုင်ရွာမှ ပြန်လာချိန် အရာတော်မြို့နယ် အုတ်ရှစ်ရွာအနီးတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ “ပေါက်ချိုင်ဘက်ကို ကြွေးသွားတောင်းပြီးအပြန်မှာ ဖြစ်တာ။ သူတို့ ရောင်းထားတဲ့ (လက်နက်ဖိုး) ပစ္စည်းအတွက် အကြွေးသွားတောင်းပြီး အပြန်မှာ ဖြစ်တာ။ အချင်းချင်းကြား ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်ပြီး…
Read More
BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။ BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။ ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။ အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင်…
Read More
စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်

စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်

RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနီး ပြည်သူ့ကာကွယ်​ရေး ရဲဘော်များ လုံခြုံရေး စစ်ဆေးမှုပြုလုပ်ခဲ့သည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်းက​ ပြောသည်။ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (ပကဖ)) မှ ပြည်သူ လူထုသွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီး သွားရောက်ပြီး စလင်း -‌ ဆင်ဖြူကျွန်းကားလမ်းပိုင်းအား အသုံးပြုနေသော ခရီးသွားပြည်သူများအား ဇန်နဝါရီလ (၅) ရက်နေ့က စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှူများ ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

PDF နှင့် ပကဖ (၆) ဦးကို အောက်တိုဘာလအတွင်း အရေးယူခဲ့ဟု NUG ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။ (more…)
Read More
ကျားခဲကျေးရွာတွင် သတ်ဖြတ်ခံရသော ရဲဘော်(၅) ဦးနှင့်ပတ်သက်ပြီး ခွင့်လွှတ်မည်မဟုတ်ဟု ထီးလင်းပကဖ အသိပေး

ကျားခဲကျေးရွာတွင် သတ်ဖြတ်ခံရသော ရဲဘော်(၅) ဦးနှင့်ပတ်သက်ပြီး ခွင့်လွှတ်မည်မဟုတ်ဟု ထီးလင်းပကဖ အသိပေး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာမှ ကျေးရွာလုံခြုံရေးကင်းတဲတွင် တာဝန်ထမ်းဆောင်နေသော ပကဖရဲဘော် သန်းစိန်မင်း၊ ရဲဘော် နေမျိုးကျော်နှင့် အခြားရဲဘော်တဦး၊ ရဲဘော်မင်းသူ၊ ခရိုင်တပ်ရင်း ၂မှ ရဲဘော်နေဆန်းဝင်းတို့ကို သတ်ဖြတ်သွားသော စစ်ကောင်စီတပ်နှင့်ပျူများအား ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အနေဖြင့် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ကြောင်း ယနေ့ အသိပေးထားသည်။ "ရဲဘော်နေဆန်းဝင်းမှာ ကင်းတဲတောင်ဘက် မီတာ ၂၀ခန့်အကွာ လယ်ကွက်ထဲတွင် ညာဘက်ပေါင်ရင်း ကျည်မှန်ဒဏ်ရာ ခြေမ ပြတ်ရှဒဏ်ရာတို့ဖြင့် ကျဆုံးခဲ့ပါသည်။ ကင်းတဲတွင်ကျန်ခဲ့သော ရဲဘော်၃ဦးနှင့် မိမိအိမ်တွင်အိပ်နေရာမှ သေနတ်သံကြား၍ ထွက်ပြေးစဉ်ဖမ်းဆီးခံရသော ရဲဘော်မင်းသူ တို့အား ဖမ်းဆီးစစ်ဆေးခံရသောပြည်သူများ ကင်းတဲအနီးပုန်းခိုနေကြသော ပြည်သူများ၏ပြောကြားချက်အရ ရဲဘော် (၄)ဦးကို…
Read More
စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းတိုက်ခိုက်စဉ် တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံး

စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းတိုက်ခိုက်စဉ် တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံး

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး-ထိန်စမ်းလမ်းမှစတင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းနှင့် ထိန်စမ်းကျေးရွာ၏တောင်ဘက်၊ ရွာမကျေးရွာအနီးစသည်တို့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်အထိနာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာနှင့်ရွာမကျေးရွာအနီးတဝိုက်ကို အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးခဲ့ရာ ၂၆ ရက််၊၂၇ ရက်များတွင် ရွာမကျေးရွာအတွင်း နေအိမ် (၂၀) ကျော်ကို မီးရှို့ခဲ့ခြင်း၊ နရွဲတောကျေးရွာ အတွင်းဝင်ရောက်စီးနင်းပြီး နေအိမ် (၃၃) အိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု Chauk Revolution Army ကထုတ်ပြန်ထားသည်။ (more…)
Read More