သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး

RNA_ဧပြီ(၁၇)၊၂၀၂၄ ခုနှစ်။

ရှမ်းမြောက်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၂၁) လောင်းနှင့် လက်နက်ငယ် (၄၀)ကျော်၊ ၆၀မမ (၂)လတ်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် ဧပြီလ (၁၅) ရက်နေ့က သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် နှစ်သစ်ကူးကာလတွင် ရန်သူ၏အသဲနှလုံးမြို့တော်ကို ပစ်ခတ် တိုက်ခိုက် ခြင်းနှင့် ရန်သူ၏ အခြေစိုက်စခန်းတစ်ခုအား သိမ်းပိုက်ခဲ့ခြင်းကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပြည်သူထံ ပေးပို့လိုက်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ရှိကြောင်းတွေ့ရှိရပြီး သရက်ကုန်းကျေးရွာတွင်လည်း သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့် စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲခံစစ်ပြင်ထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှလည်း ပေးဆပ်မှုအချို့ ရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency #RNA #RedNews

By RNA Editor