ချင်းကာကွယ်ရေးတပ်

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြား သေဆုံးသူ (၁၃၀၀) ကျော်ရှိလာ

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြား သေဆုံးသူ (၁၃၀၀) ကျော်ရှိလာ

NA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် သေဆုံးသူ (၁၃၄၄)ဦးအထိရှိလာပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးရှိခဲ့ကြောင်း ချင်းရေးရာအဖွဲ့တစ်ခုဖြစ်သည့် Institute of Chin Affairs (ICA) က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ICA မှ စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၁) ရက်အထိ စစ်ရေးပဋိပက္ခများအတွင်း သေဆုံးသူ အရပ်သားပြည်သူ (၆၄၄) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၇၀၀) ဦးအထိရှိခဲ့ကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများအတွင်း သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၆၄၄) ဦးထဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၃၀၆)…
Read More
ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောမြို့နယ်သို့ ဦးတည်ကာ မကွေးမြို့မှထွက်လာသည့် စစ်အုပ်စုက စစ်ကား (၂၀၀) နီးပါးဖြင့် စစ်ကူအင်အားဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း မကွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအစပ်၌ တိုက်ပွဲများပြင်းထန်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက် မြေပြင်စစ်ကြောင်းများ အထိနာမှုများလည်း ရှိနေခြင်းဖြစ်ပြီး စစ်ကူအင်အားဖြည့်တင်းမှုမျာကို အကြိမ်ကြိမ် လုပ်ဆောင်နေရခြင်း ဖြစ်သည်။ ယင်းစစ်ကူအင်အားများသည် ရှမ်းပြည်နယ်အခြေစိုက်တပ်များနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေစိုက်တပ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈) မှ ဦးဆောင်ကာ မကွေးမြို့မှ ဆောမြို့နယ်ဘက်သို့ စစ်ကား…
Read More
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် -AA မှ ကူညီနေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်တိုက်မည်

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းကာကွယ်ရေးတပ်များနှင့် မဟာမိတ် များပူးပေါင်းဆင်နွှဲနေရာတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် -AA ကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန်မြှင့်ပြီး ဆက်လက်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်နှင့်မဟာမိတ်များက ထုတ်ပြန်ပြောကြားထားသည်။ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းငယ်ပြန်ဆုတ်ခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့မှာ စစ်ဆင်ရေးပြန်စပြီး ကျင်ဒွေးမြို့နှင့် (၁) ကီလိုမီတာအထိ ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အထိ ဆက်လက်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူများ အဆမတန်…
Read More