28
Sep
RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသည့် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲလာပြီး ရန်ကုန်တိုင်းကို ဖြတ်သန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် ၃ နာရီတွင် ထုတ်ပြန်ထားသည်။ အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ်သည် နောက်ထပ် (၁၂) နာရီအတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ပြီး လက်ရှိအခြေအနေ၌ မုတ္တမကွေ့အနီးမှတဆင့် ရန်ကုန်တိုင်း သုံးခွမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ (၃၅) မိုင်အထိရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ ယင်းနောက် နောက်ထပ် (၃၆) နာရီအတွင်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့ကို ဦးတည်ကာ…