Tag: မြို့ပြပြောက်ကျား

  • မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

    မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

    “ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ”

    ကေဂျီ

    ချေဂွေဗားရားပြောခဲ့သလို  မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဝတ္တရားဖြစ်လာခဲ့တယ်။ မြို့ပြရဲ့ ပုံမှန်ဘဝတွေထဲမှာ အသားကျစီးမျောပါဝင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ဟာ မေတ္တာတရားကို ပဝါပါးခြားထားပြီး ပြစ်ဒဏ်စီရင်ပေးရတဲ့ လောကပါလစောင့်သိသူတွေ ဖြစ်လာတယ်။

    အချိန်တွေ ပိုကြာလာလေ မိသားစုနဲ့ အမေ့ရဲ့အိမ်ကို ပိုလွမ်းတတ်လာသလို နောက်ထပ် မစ်ရှင်တွေ (Missions) ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် စနစ်တကျ ပိုပြီးကြံစည်တတ်လာခဲ့ပြီ။ နေ့လား ညလားခွဲခြားမထားနိုင်ပေမယ့် နိုးထသင့်တဲ့ အချိန်အခါတိုင်းမှာ ကိုယ့်နာမည်နဲ့ ဘဝပုံစံ (Lifestyle) ကို ပြန်ရှာစရာမလိုတော့အောင် ဦးနှောက်မှာ ကိုယ်ရေးအကျဥ်း (Profile) အထပ်ထပ်အစီအရီ ထားတတ်လာခဲ့ပြီ။ တရားစခန်းဝင်စရာမလိုလောက်တော့အောင် နေ သတိ၊ သွား သတိ၊ စား သတိ၊ အိပ် သတိ၊ အသက်ရှုနေရသေးသမျှ စက္ကန့်တိုင်းဟာ သတိအသိ အပြည့်နဲ့ ရွှေအတိပြီး တန်ဖိုးထားလာတတ်ခဲ့ပြီ။

    ဓာတ်ပုံ – ရန်ကုန်မြို့က စစ်ကောင်စီလက်အောက်ခံများ၏ လုံခြုံရေးယူသည့်နေရာများအား တွေ့ရစဉ် ( ပုံဟောင်း)။

    စားသောက်ဖွယ်ရာ အစုံအလင်ရှိနေတဲ့ ရန်ကုန်မြို့လည်ထဲမှာ ပိုက်ဆံတွေရှိပါလျက် ထမင်းရက်ဆက် ငတ်ခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ အကောင်းဆုံးဆိုတဲ့  ဟိုတယ်တွေကနေ ရပ်ကွက်ရဲ့ အမှိုက်ပုံးကြီးထဲမှာအထိ ခေါင်းထိုး ညအိပ်ဖူးခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့အိမ်မှာ သန့်ရှင်းရေးလာလုပ်ဖူးနိုင်တယ် ပစ္စည်းလဲလာပို့ပေးဖူးနိုင်တယ်။ ပေတိပေစုတ်နဲ့ အမှိုက်လှည်းလေးတွန်းပြီး ရပ်ကွက်တွေရဲ့ နောက်ဖေးလမ်းကြားပါမချန် ခြေတိုအောင်ပတ်ခဲ့ဖူးသလို၊ ကားတစီးနဲ့ တစ်မြို့လုံးကို ဂျင်ဂျင်လည်အောင်လဲ မွှေနှောက်လျောက်သွားခဲ့ဖူးတယ်။

    အဆင်ပြေသလို သွားလာနေထိုင်ရင်း ပုဆိုးခြုံထဲက လက်သီးပုန်းပြသူတွေရဲ့ ရဲရဲတောက်စကားကို တအံတဩ ထောက်ခံပေးဖူးခဲ့သလို၊ အမျိုးပျောက်မှာ စိုးကြောက်ပါသော လူတစ်ချို့ရဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖ တရားကိုနာပြီး လက်သီးလက်မောင်းတန်း တပ်မတော်ကြီးကိုလဲ ချစ်ပြဖူးခဲ့ပါသေးတယ်။ ဖေ့စ်ဘုတ်မှာ PDF တွေမြို့ထဲဝင်လာရင် ဘာလုပ်ပေးပါမယ် ညာလုပ်ပေးပါမယ်တင်ထားတဲ့ အသိအန်တီကြီးတယောက်က တော်လှန်ရေးပို့စ်တောင် မရှဲရဲတဲ့ ကိုယ်တွေရဲ့သတ္တိအပေါ်  စိတ်ပျက်ရှုံ့ချတဲ့စကားကိုလဲ  နားထောင်ရင်း အားတက်ခဲ့ဖူးတယ်။ ရူဘီလေးလက်ကြားညှပ် မြန်မာဘီယာလေး ပုံမှန်သောက်ပြီးဘယ်သူမသိစေနဲ့ ငါကထောက်ပို့လုပ်ပေးတယ် မင်းရောဘာလုပ်နေလဲဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မေးတဲ့အမေးကို ပြန်ဖြေဖို့  မကြိုးစားခဲ့မိဘူး။

    (more…)

  • ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

    ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

    RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးကို ခေါ်ယူဆုံးမသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည့်ကိစ္စအတွက် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လက်တုန့်ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
     
    မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဖိုးအောင် (ခ) ကိုအောင်ဖြိုးဝေအား ဧပြီလ (၇) ရက်နေ့ နေ့လည်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဇနီးဖြစ်သူက တိုင်ထားသည့်အတွက်ဟုဆိုကာ လာခေါ်ပြီး ရိုက်နှက်ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုဖိုးအောင်သည် ဧပြီလ ၁၃ ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်က ကွယ်လွန်ခဲ့ရသည့်အတွက် ယနေ့ (ဧပြီ ၁၄ ရက်) ညနေ (၃) နာရီတွင် ရေဝေသုဿာန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

    (more…)

  • ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

    ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

    RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။

    မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။

    (more…)

  • ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : သာကေတမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ (၇) ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက ဖြိုခွင်းနေစဉ်။ 

    ” ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ” ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။

    (more…)

  • Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။

    ” စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ” ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။

    ဓာတ်ပုံ : ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် တွင်တွေ့ရသည့် စစ်ကောင်စီယာဉ်တန်း။ 

     

    ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။

    Red News Agency

  • ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    RNA_ဇူလိုင် ၁၂၊၂၀၂၂ခုနှစ်။

    အမှိုက်ကောက်သည့်ကလေးနှင့် ပြည်သူများထိခိုက်မည်စိုးသည့်အတွက် စစ်ကားများအတွက် ရည်ရွယ်ထားသည့် ဗုံးတွဲဖောက်ခွဲမှု မစ်ရှင် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

    ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဗုံးကိုသယ်မသွားဘဲ လမ်းမပေါ်တွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။

    ” ဗုံးကို အမှိုက်ကောက်တဲ့ကလေးက တွေ့သွားတာ၊ ကျနော်တို့ စောင့်ကြည့်နေတာ စစ်ကားတွေအတွက်လုပ်ထားတာ၊ အဲချိန်မခွဲရက်ဘူး အခြားဘေးကလူတွေထိကုန်မှာ အဲဒါကြောင့် မစ်ရှင်ဖျက်လိုက်ရတယ်၊ ဗုံးက အားပြင်းတယ်၊ နည်းပညာမြင့်တယ်၊ စစ်ခွေးတွေသယ်မသွားရဲဘူး အဲဒါနဲ့ ပြည်သူတွေလဲ ထိတ်လန့်အောင် လမ်းပါ်မှာ ခွဲလိုက်တာ၊ ပြည်သူတွေကို တောင်းပန်ချင်ပါတယ် စစ်ကား‌တွေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအနီးမှာ မနေကြပါနဲ့” ဟု တာမွေမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မည့် ဗုံးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျားမဟာမိတ်တပ်ဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားထားသည်။

    ဓာတ်ပုံ : မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ထောက်ထားသည့်ဗုံးကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်က ဖောက်ခွဲမှုမြင်ကွင်း/ CJ

    မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ရည်ရွယ်လုပ်ဆောင်နေမှုများ ပြည်သူလူထု ထိခိုက်မည်စိုးသည့်အတွက် ဖျက်လိုက်ရသည့် မစ်ရှင်များစွာရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် အဆောက်အဦ၊ ယာဉ်စသည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှောင်ရှားသင့်ကြောင်း၊ စစ်ကောင်စီတပ်သားများနှင့် ဆက်ဆံမှုနှင့် အနီးကပ်မနေသင့်ကြောင်း သိရသည်။

    Red News Agency

  • ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

    ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ရပ်ကွက်-ယုဇနဥယျာဉ်မြို့တော်၊ ၁၀လမ်း(A)ဘလောက် တိုက် (၁၆) ရှိ အခန်းမှာ ပေါက်ကွဲမှုဖြစ်အပြီး တယောက်ပြေးဆင်းလာရာ ရပ်ကွက်လမ်းထိပ်က လူများဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဖမ်းဆီးခံရသည့် လူငယ်က အော်ဟစ်ပြောဆိုခဲ့ကြောင်း ရပ်ကွက်အတွင်းမှ ပြည်သူတဦးက အသိပေးလာသည်။

    (more…)