Tag: ပူးပေါင်းစစ်ဆင်ရေး

  • တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

    တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

    “၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရ”

    ကေဂျီ 

    ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့များရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေဟာ နည်းဗျူဟာကျကျ ပြင်းထန်အားကောင်းပြီး ထိထိမိမိရှိလာတာကို တွေ့မြင်ရပါတယ်။နွေဦးတော်လှန်ရေး ၃ နှစ်တာကာလတလျှောက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပိုင်း တိုးတက်မှုကို အားရကျေနပ်လောက်စရာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။ 

    စစ်အာဏာရှင်လက်ကိုင်တုတ် ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနိမ့်ပါးနေမှု၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ညံဖျင်းမှုတွေနဲ့ အထက်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အသုံးမကျတဲ့ ကွတ်ကဲမှုကြောင့် မြေပြင်ကျဆုံးမှုတွေ ဆက်တိုက်ကြုံလာကြရပြီး အထက်အောက် မကျေနပ်မှုတွေ၊ တပ်တွင်းအကွဲအပြဲတွေ ဖြစ်ပေါ်နေတာကို သိသာထင်ရှားစွာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်နက်မဲ့ ပြည်သူလူထုကိုသာသေရဲတဲ့ကောင်ထွက်ခဲ့တို့ “‌ခေါတ်ကိုပြောင်းအောင် ခေါင်းကိုပစ်တို့နဲ့ ဟိတ်ဟန်ကြီးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့နီးပါးမှာ ရင်ဆိုင်လာရတဲ့ တိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ အင်အားသစ်ထပ်မံ မဖြည့်တင်းနိုင်တော့တဲ့အတွက် စစ်ကောင်စီဟာ အင်အားဆုတ်ယုတ်နေတယ်ဆိုတာ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီး စစ်တပ်ထဲသွင်းနေတာတွေက သက်သေပဲဖြစ်ပါတယ်။ 

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ၊ ၁၀၂၇ ကစလိုက်တဲ့ တိုင်ရင်းသားနယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှုတွေများလာခဲ့ပြီး အလံဖြူထောင် လက်နက်ချမှုတွေ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေဟာ ဆက်တိုက်ဆိုသလို တဖြည်းဖြည်းပိုမို များပြားလာတာကြောင့် စိတ်ဓာတ်နဲ့ စွမ်းရည်ပိုင်းပါ ဘက်ပေါင်းစုံ ယိုင်နဲ့နေပြီး တပ်ပျက်သလောက် အနေအထားအထိ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ခုခံရှင်းလင်းနိုင်ဖို့အတွက်  နှစ်နှစ်ကျော်ကြာတဲ့အထိ ရှိသမျှ အင်အားတွေကိုပဲ နယ်မြေဒေသအနှံ့ ဟိုရွေ့ဒီရွေ့နဲ့ ရွေ့ပြောင်းပြီး နေရာယူဖြန့်ကျက် နေရတာဖြစ်ပါတယ်။ 

    (more…)

  • မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

    ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


    စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354

    #RedNewsAgency

  • နေပြည်တော်ကို ကာကွယ်ဖို့ မန္တလေးဟာ စစ်​ကောင်စီရဲ့နောက်ဆုံးခံတပ်လား?

    နေပြည်တော်ကို ကာကွယ်ဖို့ မန္တလေးဟာ စစ်​ကောင်စီရဲ့နောက်ဆုံးခံတပ်လား?

    “မန္တလေးမြို့ကို ဦးတည်တဲ့  “ကနောင် စစ်ဆင်ရေး” ဟာ စစ်ကောင်စီကို အဓိက တုန်လှုပ်စေခဲ့ခြင်းဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်အထက်ပိုင်းကနေ စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကို ဝင်ဖို့ဆိုရင်၊ မန္တလေးဟာ အဓိက ခံတပ်သဖွယ်ဖြစ်နေတာကြောင့်ပါ။ တောင်ပိုင်းမှုဆိုရင် KNU လက်အောက်ခံ တပ်တွေဟာ စစ်တောင်းမြစ်တဖက်ကမ်းကနေ စိမ့်ဝင်လာပြီး၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီဘက်ကနေလည်း ဝင်မလာနိုင်အောင် စစ်တပ်အနေနဲ့ ဂိတ်စခန်းတွေအခိုင်အမာချပြီး ပိတ်ဆို့မှုတွေလုပ်ဆောင်နေတာပါ”

    မောင်ဝိ

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ မန္တလေး PDF ရဲ့ တိုက်ပွဲသတင်းကို ဖတ်မိပြီး တကယ့်ကိုအားတက်သွားခဲ့တယ်။ အဲ့ဒါက စစ်ကောင်စီကို ၃ လတာတိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF  ရဲ့ “ကနောင် စစ်ဆင်ရေး” ပဲဖြစ်တယ်။ကနောင် စစ်ဆင်ရေးကို ဇူလိုင် ၁၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ တိုက်ပွဲအတွင်းမှာဆိုရင် စစ်တပ်ဘက်က ဗိုလ်ကြီး ၂ ဦး၊ စစ်ကြောင်းမှူးတစ်ဦး၊ ဒုစစ်ကြောင်းမှူးတစ်ဦးနဲ့ တပ်သား ၇၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒါဟာ “ကနောင်စစ်ဆင်ရေး”ရဲ့ တစ်စိတ်တစ်ပိုင်းသာရှိသေးပြီး စစ်ဆင်ရေးဟာယခုထိမပြီးဆုံးသေးဘူးလို့လည်း မန္တလေး PDF ကကြေညာထားပါတယ်။ အခုလိုမျိုးပဲ မန္တလေး PDF ရဲ့ တိုက်ပွဲပုံဖော်မှု ကြီးကြီးမားမားနောက်တခုရှိပါသေးတယ်။ အဲ့ဒါကမန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့ နယ်တွေမှာ အာဏာ သိမ်းစစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး၊ ဩဂုတ်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်း မန္တလေးPDFနဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၄၀) ဝန်းကျင်သေတယ်လို့ ခန့်မှန်းရပြီး၊ စစ်ကောင်စီက လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရတာပါ။

    ဒီတိုက်ခိုက်မှုတွေကိုကြည့်ရမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာမှုကိုမြင်တွေ့နိုင်တယ်။ ဒီနေရာမှာ မန္တလေး PDF ရဲ့စတင်တိုက်ခိုက်တဲ့ အချိန်မှာ ထူးခြားချက်တခုတွေ့ရတယ်။ ဒါက စစ်တပ်ကိုစတိုက်ပြီဆိုရတည်းက ကတုတ်ကျင်းတွေ တူးပြီးတိုက်လာတာအပြင်၊ ပျောက်ကြားနဲ့ သမရိုးကျ တိုက်ပွဲကိုပေါင်းစပ်တိုက်ခိုက်လာနိုင်တာပါ။ ဒါ့အပြင် လူမှုကွန်ယက်တွေကပုံအရဆိုရင် မန္တလေး PDF ရဲ့ ပုံရိပ်တွေဟာ တကယ့်တပ်မတော် အသွင်မျိုးဖြစ်ပြီး၊ စွမ်းရည်ပြည့်ဝတဲ့ အသွင်သဏ္ဍာန်ဆောင်ပါတယ်။

    (more…)