မြိုင်မြိုနယ်

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ…
Read More
ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။ ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။   #RedNewsAgency #RNA #RedNews
Read More
စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။   အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။   ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊…
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့…
Read More
မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။   ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။…
Read More
ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force - MUGDF က ထုတ်ပြန်ထားသည်။ (more…)
Read More
ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် - ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် - ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် - ၂၀)…
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ   RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်ကောင်စီ မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့သည်ဟု မြိုင်ပကဖ Telegram တွင် အသိပေးထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တပ်စခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ၂၊ တပ်ခွဲ (၃)၊ မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MCKCစသည့် မဟာမိတ်များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (သေဆုံးနေသည့်…
Read More
မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ   RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ (more…)
Read More