Tag: ပအဖ

  • BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

    BNRA အဖွဲ့မှ ထုတ်ပေးသော လက်နက်များ ပကဖထံ အပ်နှံရမည်

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၆ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA မှ ထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်သည့် ရဲဘော်များအနေဖြင့် မိမိတို့နေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံရန် ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

    BNRA အဖွဲ့အစည်းမှ ထုတ်ပေးထားသော လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်သူများ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

    ကန့်ဘလူမြို့နယ် ပအဖ တာဝန်ခံ လုပ်ပိုင်ခွင့်ကျော်လွန်ကာ ဖမ်းဆီးမှုများကို လုပ်ဆောင်နေ

    RNA_ ဖေဖော်ဝါရီ(၂)၊၂၀၂၆ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံသည် မြို့နယ်အတွင်း Boycott ကုန်စည်မဟုတ်သည်များကို သိမ်းဆည်းခြင်း၊ တစ်ချို့ လူဖမ်းဆီးမှုတွင်လည်း လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ခြင်းစသည်တို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ မဲခေါင်သည် ၂၀၂၄ ခုနှစ်အတွင်းက မုဒိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရပြီး တာဝန်မှ ရပ်နားသွားကြောင်း၊ နောက်တက်လာသည့် တာဝန်ခံသည် ကန့်ဘလူမြို့နယ် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူး တစ်ဦးနှင့် ညီအစ်ကိုတော်ကြောင်း၊ တစ်ချို့သော မြို့နယ်အတွင်း ကိစ္စများကို ဝန်ကြီးဌာနများကို အသိပေးခြင်းမရှိဘဲ ညီအစ်ကိုတော်သည့် တပ်ရင်းမှူးနှင့်ပေါင်းပြီး လုပ်ဆောင်မှုများရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ – ပအဖအဖွဲ့ ကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်း

    (more…)

  • ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    ယောဒေသ ကျောက်ထုမှာ စစ်မှုထမ်းအမိန့် ထုတ်ပြန်

    RNA_ဧပြီ(၂၅)၊၂၀၂၅ခုနှစ်။

    ယောဒေသ အရန်အင်အားစုအဖြစ် အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိအပါအဝင် အသက်ကန့်သက်ချက်ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူများနှင့် အိမ်ထောင်စုစာရင်းတွင် မပါဝင်သော်လည်း ကျေးရွာတွင် အခြေချနေထိုင်သူများ မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ယောတပ်တော် (YA)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျောက်ထုဒေသ)တို့က လက်မှတ်ထိုးပြီး ကျေးရွာများတွင်ဖြန့်ဝေထားကြောင်း သိရသည်။

    အခြေခံစစ်ပညာသင်တန်း တက်ရောက် တာဝန်ထမ်းဆောင်ရန်ပျက်ကွက်သည့် မိသားစုဝင်များ လိုက်နာရမည့် အချက်တွင် မိသားစုဝင် (၁) ဦးအစားထိုးသင်တန်းတက်ရောက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး၊ သင်တန်း (၁) ပတ်စဉ်ကုတ်ကျစရိတ်ကျခံရမည့် အချက် (၂) ချက် ပါဝင်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းပြီးဆုံးပါက ကျေးရွာ အုပ်စု ဒေသအတွင်း လုံခြုံရေး ကာကွယ်ရေးတာဝန်များတွင် (အချိုးကျ/အလှည့်ကျ) (၂) နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ဖြန့်ဝေထားသည့် စာတွင် တွေ့ရှိရသည်။

    (more…)

  • အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

    အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

    “အညာရဲ့လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေနတ်ဝယ်ပြီး စစ်အာဏာရှင်ကို ကိုယ်ထူးကိုယ်ချွန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ”

    ရန်နိုင်

    အညာဒေသမှာ စစ်ကောင်စီတပ်တွေ နောက်ဆုတ်သွားချိန်မှာ ရွာသူ၊ရွာသား တွေသာမက တော်လှန်ရေး တပ်ဖွဲ့တွေလည်း လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ စိုးမိုးနယ်မြေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီ လက်လှမ်းမမှီတော့တဲ့ ကျေးရွာတွေမှာလည်း M4 ကိုင်နိုင်တဲ့ ပ.က.ဖ အဖွဲ့ဝင်တွေက ဒေသတွင်း တန်ခိုးထွားနေပြီး ဆိုင်ကယ်တစီးနဲ့သွားလိုရာကို သေနတ်ကိုင်ပြီးလျှောက်သွားလေ့ရှိကြောင်း ဝက်လက်မြို့ လက်လုပ်မိုင်း ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လုပ်ရေးတာဝန်ခံ ကိုမိုက်က ယ်(အမည်လွှဲ) က ပြောပြခဲ့ပါတယ်။

    ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ အင်တာနက်အစား Starlink သုံးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ လုပ်ဆောင်ကြရပါတယ်။ Starlink ဆိုင်တွေဆိုတာ အမိုးအကာ လုံလုံခြုံခြုံလုပ်ပေးပြီးတော့ အင်တာနက် အသုံးပြုသူတွေထံကနေ အခကြေးငွေနဲ့ ပေးသုံးတာ ဖြစ်ပါတယ်။

    စီးပွားရေး လုပ်နေတဲ့ Starlink ပိုင်ရှင်တဦးကတော့ “သူက ဘာလုပ်ပေးမလဲတော့မသိဘူး.. တို့ဆီက Starlink ဆိုင်တွေကိုတော့ တလကို လစဉ် ကြေး သိန်း ၃၀ လာတောင်းနေတယ်” ဆိုပြီး ဒေသတွင်း လက်နက်ကိုင် အာဏာပိုင် များကို မကျေနပ်တဲ့ လေသံနဲ့ ပြောပြပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ Starlink ဆက်သွယ်ရေးလိုင်းတွေကို တစ်လ ယာယီရပ်ဆိုင်းထားဖို့ စစ်ဒေသ(၁)၊ ခရိုင်ပကဖ၊ မြို့နယ် ပကဖတွေကနေ စက်တင်ဘာ ၃၀ က စာထုတ်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

    (more…)

  • ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

    ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

    RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။

    အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ကာ သောက်စားမူးယစ်ကာ ရမ်းကားနေသည့်အတွက် စာမေးပွဲဖြေနေသည့် ကလေးများ စာမေးပွဲဖြေမရအောင်ထိ အနှောက်အယှက်ပေးနေသည့်အတွက် ကျေးရွာ တာဝန်ခံ ပအဖ၊ ပကဖ များညှိနှိုင်းနေစဉ်အတွင်း ပလဖ အဖွဲ့ဝင်များက လက်နက်အင်အား လူအင်အားဖြင့် ပကဖ အဖွဲ့ဝင်များကိုပါ ရိုက်နှက်ကြောင်း၊ သွေးလန့်ကာ ကိုယ်ဝန် (၄) လရှိ စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမ တဦး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို NUG ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဌာနအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း တိုင်ကြားစာပို့ထားကြောင်း သိရသည်။
    (more…)

  • ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။

    တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    NUG ဝန်ကြီးဌာနများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း ဆန္ဒပြသူများပြောကြား

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်အရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းမည့်အရေးနှင့် မြို့နယ်ပြင်ပမှ ဝင်ရောက်စွက်ဖက်နေမှုများ အလိုမရှိကြောင်း၊ NUG ဝန်ကြီးဌာများအနေဖြင့် ပုဂ္ဂိုလ်စွဲဖြင့် အလုပ်လုပ်နေမှုများ မကြိုက်ကြောင်း စသည်တို့ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒပြသူများကိုယ်စား ဦးဆောင်သူက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=TCZ0pApX1vY[/embedyt]
    Red News Agency

  • စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

    စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
     
    ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=nBxYZCdHYrY[/embedyt]
     
    ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ  ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
     
    #RedNewsAgency