Tag: မော်လမြိုင်

  • စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

    စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

    “အောင်ဇေယျ စစ်ကြောင်းဆိုတာဟာ စစ်တပ်ရဲ့ နောက်ဆုံးရှိသမျှအင်အားတွေအားလုံးထုတ်နှုတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတစ်ခုလို့ဆိုနိုင်ပြီး ဒီစစ်ကြောင်းသာ ဒေါနတောင်ခြေမှာ ကျရှုံးခဲ့မယ်ဆိုရင် စစ်တပ်အနေဖြင့် နောက်ထပ် ထိုးစရာတပ်အင်အားတွေမရှိတော့ဘဲ ဆက်တိုက်ဆိုသလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ခါးစည်းခံရမှာသေချာပါတယ်”

    ချမ်းမင်း

    နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ကြောင်းဆိုတဲ့ ဒီစကားကို အခုရက်ပိုင်းအတွင်း တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လော်ဘီ မီဒီယာကြားမှာ ခေတ်စားနေပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုနေကြတဲ့ အကြောင်းအရာတခုပဲ ဖြစ်ပါတယ်။ ဒီ “အောင်ဇေယျ” စစ်ဆင်ရေး စစ်ကြောင်းနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဧပြီလ ၆ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ သင်္ကန်းညီနောင်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦးနှင့် မှီခိုအိမ်ထောင် သည်ကလေးတွေပါစုစုပေါင်း ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တဲ့အကြောင်းက စပြောရပါလိမ့်မယ်။

    ဗျူဟာစခန်းကုန်းတစ်ခုဖြစ်တဲ့အပြင် အနီးအနားက နယ်မြေတွေအားလုံး ကိုစိုးမိုးထားနိုင်တဲ့ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို စစ်ခေါင်းဆောင်တွေအနေနဲ့ မြဝတီနဲ့ သင်္ကန်းညီနောင်မြိူ့တွေကို လက်မလွှတ်ရရေးအတွက် အထူးပင် အားကိုးအားထားပြုထားဟန်တူပါတယ်။ ကြားသိရသလောက်သတင်းတွေအရဆိုရင် မတ်လလယ်လောက်ကတည်းက စစ်တပ်အနေဖြင့် အဆိုပါသင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို လက်နက်အင်အား၊ လူအင်အားဖြည့်တင်းပေးတာတွေ၊ ခံစစ်စီမံချက်အတွက် အကောင်းဆုံးပြင်ဆင်ခိုင်းထားတာတွေပြုလုပ်ခဲ့တဲ့အပြင် မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ချေရှိတဲ့ အခြေအနေတွေကိုလည်း အမြဲမပြတ်သတင်းပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

    အဲ့ဒီလို ကြိုတင်ပြင်ဆင်မှုတွေများစွာကို ပြုလုပ်ထားခဲ့ပေမဲ့လည်း တကယ့်တကယ်တော်လှန်ရေးတပ်ဖွဲ့တွေမှ အဆိုပါဗျူဟာစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာတော့ စိတ်ဓာတ်ကျဆင်းနေပြီး စစ်ပန်းနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လွယ်လင့်တကူပင် တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းလက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ဟာ ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်ဒကစ လက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ပြီးရင် ဒုတိယမြောက်အကြီးကျယ်ဆုံးလက်နက်ချအညံ့ခံမှုဖြစ်စဥ်တစ်ခုလို့ဆိုနိုင်ပါတယ်။

    (more…)

  • အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

    အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

    RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်‌လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ စစ်ဆေးခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဒုစစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။

    (more…)

  • မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

    မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

    RNA_ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၂။

    စစ်ကော်စီလက်အောက်ခံ မြန်မာ့မီးရထားသည် မော်လမြိုင်ဘူတာမှ ပြေးဆွဲရန် စီစဉ်ထားသည့် လေအိတ်အမြန်ရထားကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဟု အကြောင်းပြကာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း ‌သိရသည်။

    “ယနေ့ ( 13.12.2022) နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထားသည် အကြောင်းအမျိုးမျိုးကြောင့် မော်လမြိုင် ဘူတာမှထွက်ခွာနိုင်ခြင်း မရှိတော့ပါ၍ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများ ပြန်လည်အမ်းပေးနေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဟု မော်လမြိုင်ဘူတာကြီး Page က ကြေညာထားသည်။

    #RedNewsAgency

  • နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
     
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု – SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။
     
    မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force – အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို ဝင်ဖမ်းရန်ပြုလုပ်သည့်အတွက် ည ၇ နာရီ ၃၀ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ရပ်ကွက်အုပ်ကြီးသား ဒလန် ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အင်အား ၃၀၀ ဝန်းကျင်က ရပ်ကွက်ကို ပိတ်ဆို့ကာ လက်နက်ကြီး လက်နက်ငယ်များစွာဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ရဲဘော် ၁ ဦးပါအဝင် (၅) ဦးမှာ ဖမ်းဆီးခံလိုက်ရသည်ဟု SUMF က ထုတ်ပြန်ထားသည်။
     
    စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ရဲဘော် (၅) ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “ အစဉ်လေးစားလျှက်ပါ ရဲဘော်တို့ မကြာခင်အကြွေးပြန်ယူမယ်” ဆက်လက်တော်လှန်သွားမည်ဟု Special Underground Movement Force က ပြောကြားထားပြီး၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေရဲစခန်းအတွင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့ကြသည်။
     
    #RedNewsAgency