ပျူစောထီး

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်ဘေးရှောင်ဇနီးမောင်နှံ သေဆုံးပြီး ၇ ဦးဒဏ်ရာရ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး မြင်သားရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ဇနီးမောင်နှံတို့ သေဆုံးခဲ့ရပြီး ဒေသခံ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြောက်ခင်ရန်းကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ဇနီးမောင်နှံမှာ တောင်ခင်ရမ်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း ‌သိရသည်။ (more…)
Read More
အွန်လိုင်းပေါ်မှ ခြိမ်းခြောက်ငွေတောင်းမှုများကို ဖားကန့် PDF ဖော်ထုတ် အရေးယူမည်

အွန်လိုင်းပေါ်မှ ခြိမ်းခြောက်ငွေတောင်းမှုများကို ဖားကန့် PDF ဖော်ထုတ် အရေးယူမည်

RNA_ဖားကန့်၊ဇူလိုင်၂၆ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်များပါမကျန် ခြိမ်းခြောက်ငွေညစ်မှုများ ဇူလိုင်လအတွင်း ထပ်မံဖြစ်ပေါ်နေသည့်အတွက် ဖားကန့် PDF က ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ပျူစောထီးအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူ ဇွန်လအတွင်း စတင်ပေါ်ပေါက်လာပြီး ခြိမ်း‌ခြောက်ငွေညစ်တောင်းသော်လည်း ယခုအခါ ပစ်ခတ်ရေးအဖွဲ့ကဟုဆိုကာ ထပ်မံ ခြိမ်းခြောက် တောင်းဆိုမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြည်သူများအပေါ် တောင်းတဲ့ငွေပေးရင်ပေး ‌မပေးပါက တစ်မိသားစုလုံးသတ်ပစ်မည်ဟု ခြိမ်းခြောက်ငွေညစ်နေသည့် ပျူစောထီးနာမည်ခံထားသည့် အဖွဲ့နှင့် ပစ်ခတ်ရေးနာမည်ခံထားသည့်အဖွဲ့တို့အား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။ (more…)
Read More
ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force - MUGDF က ထုတ်ပြန်ထားသည်။ (more…)
Read More
ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

"ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့" မေဇော် စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။ ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက်…
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More
ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း…
Read More
ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ စစ်ပညာသင်ခဲ့သူ ပျူစောထီးရှင်းလင်းခံရ

အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ စစ်ပညာသင်ခဲ့သူ ပျူစောထီးရှင်းလင်းခံရ

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ အခြေခံ စစ်ပညာသင်ခဲ့သည့် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦး ယမန်နေ့က ရှင်းလင်းခံလိုက်ရကြောင်း သိရသည်။ "ကညင်ကျိုးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်း တော်လှန်သောပြည်သူများကို စစ်ကောင်စီမှ ဖမ်းဆီးရန် စေခိုင်းခြင်း၊ စစ်ကောင်စီကကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပ‌နိုင်ရေးအတွက် တက်ကြွစွာပါဝင်ခြင်းများကို ဆောင်ရွက်လျက်ရှိသူဖြစ်သည်" ဟု ပဲခူး PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ 

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်ဝန်းကျင်ခန့်က ဇီးဖြူကုန်းရွာသို့အသွားတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ဆွဲမိုင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး (၇) ဦးသေဆုံးပြီး (၃) ဦးအပြင်းအထန် ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency…
Read More
အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ

 RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ " ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး…
Read More