တိုင်းရင်းသားလက်နက်ကိုင်

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။ (more…)
Read More
အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခုဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ၁ နှစ်အတွင်း တပ်မဟာ (၆၁၁) ကို တပ်သားသစ်စုဆောင်းခြင်း သင်တန်းပေးခြင်းစသည့် တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။   ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တပ်မဟာ (၆၁၁) သည် တနှစ်အတွင်း သင်တန်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ကာ တပ်မဟာ တခုလုံး တိုက်ပွဲဝင်နိုင်သည့် အနေအထားဖြစ်သည့်အတွက် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More
ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

RNA_ဇန်နဝါရီ (၃)၊၂၀၂၃ ခုနှစ်။   ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်ကို ကချင်လွတ်လပ်ရေးတပ်မတော် - KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို လွှဲပြောင်းလိုက်ကြောင်း သိရသည်။   “ အခု KIO ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်တာ ထွေထွေထူးထူးမဟုတ်ပါဘူး။ ၄ နှစ်တကြိမ်အပြောင်းအလဲ လုပ်တာလဲရှိတယ်” ဟု ကချင်လူမျိုး သတင်းသမားတဦးက ပြောသည်။ (more…)
Read More
မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၂၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အားကောင်းနေသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ယနေ့ နံနက်ပိုင်းက နမ့်ဆန်မြို့နယ်မှာ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ PSLF/TNLA ၏ ယနေ့ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ကြောင်း၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ ဗိုလ်လောင်း (၅၁) ဦးကို အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ (more…)
Read More
စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။ မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။ လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။ “ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။ ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ…
Read More
AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

RNA_စက်တင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးမှ ‌AAအား ထောက်ပံ့ပေးနေသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူရန် စက်တင်ဘာလ (၂၀) ရက်နေ့က Video Conferencing ဖြင့် နပခကွပ်ကဲမှုအောက်ရှိ တမခမှူး၊ စကခမှူး၊ ရေတပ်ဌနခမှူး၊ နဖ(၁)မှူး၊ စဗာမှူး၊ နဗဟမှူး၊ လကရကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့မှူးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားရန်နှင့် ကုန်လမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးသွားရန် ညွှန်ကြားထား သည်။ (more…)
Read More
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် - AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ…
Read More
ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ ကော်သူးလေတပ်မတော် (ကီဂ်သူလူၤသုးမုဒိဉ်(KAW THOO LEI ARMY)သည် NCA စာချုပ်လွှမ်းမိုးမှုမရှိသော  တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ယနေ့ ဗိုလ်ချုပ်နယ်ဒါးမြက ထုတ်ပြန်ထားသည်။ KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ်  NCA စာချုပ်ဖြင့် စစ်ရေးအရချုပ်နှောင်ခံထားရသဖြင့် စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသားတုန့်ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ထုတ်ရန် အချိန်ကောင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ကော်သူးလေတပ်မတော် (KAW THOO LEI ARMY)သည် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များသာမက နယ်မြေဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းသွားမည်ဟု သိရသည်။ ကော်သူးလေတပ်မတော်…
Read More
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတိပေးထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့်က မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌ လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။ KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် - ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင်…
Read More