Karinni Army

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ " သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်…
Read More
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။ "ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့…
Read More
“ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

“ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။ ပင်လောင်းမြို့နယ် နမ့်နိန်ရွာဖြစ်စဉ်တွင် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီသည် စစ်ကောင်စီနှင့်ပေါင်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စွပ်စွဲနေသည့်ကိစ္စနှင့်အခြားကိစ္စတို့အပါအဝင်" ရန်သူအလုပ် ရန်သူအလုပ် လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ်ပါရန်" စသဖြင့် ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်မှ KA၊ KNDF ရဲဘော်များထံ အသိပေးစာတစောင် ရေးသားခဲ့သည်။ စစ်ကောင်စီတပ်မှကျူးလွန်ခဲ့သည့် နမ့်နိန်ရွာဖြစ်စဉ်ကို စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် PNO က KNDF၊ KNPP၊ PDF တို့ဟု စွပ်စွဲပြီး လူမျိုးရေး၊ ဘာသာရေးအခြေခံကာ တိုက်ခိုက်နေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီနှင့် တွေ့ဆုံခဲ့ပြီး ၂ ပတ်အတွင်း နမ့်နိန်ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန 

RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး ( အသက် ၂၂ နှစ်) ကျဆုံးခဲ့ရသည်။ (more…)
Read More
၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ (more…)
Read More
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ယနေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်က ရဲဘော်တဦး ကျဆုံးပြီး၊ စစ်ကောင်စီတပ်က ၈ ဦးသေ

ယနေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်က ရဲဘော်တဦး ကျဆုံးပြီး၊ စစ်ကောင်စီတပ်က ၈ ဦးသေ

RNA_ဇန်နဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၈) ဦးသေပြီး၊ ကရင်နီတပ်မတော်က သူရဲကောင်း ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့နှင့်ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်တဦးပါအဝင် တပ်သား (၃၀) သေဆုံးခဲ့ပြီး၊ လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ်တစီးပစ်ချခံရကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ ယနေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် (၁၁) လက်နှင့်လက်နက်ကြီးကျည်၊ လက်နက်ငယ် ကျည်အချို့ကိုကို တိုက်ပွဲအတွင်း KNDF ကသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။ "အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်"…
Read More
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။ မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး…
Read More