“ကချင်လူမျိုးတို့၏ရိုးရာဓလေ့ဖြစ်သည့် စစ်အောင်နိုင်ချိန်၌ အောင်ပွဲခံကျင်းပလေ့ရှိသော ပဒန်မနောပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အတွက် ကချင်လူမျိုးတို့၏ ကျေးဂျူးကဘာဆိုင်ရော စကားဆိုသံများသည် ကျယ်လောင်စွာ ပြန့်လွင့်နေတော့မည်”
ကေဂျီ
လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးအောင်မြင်မှုများ၊ နယ်မြေစိုးမိုးလာနိုင်မှုများနှင့် အဖွဲ့အစည်း၏ မှုဝါဒ၊ ရည်မှန်းချက်များပြည့်မှီအောင်ဖော်ဆောင်နိုင်မှုများ တိုးတက်အားကောင်းလာပြီး အောင်မြင်မှုများစွာရရှိလာခြင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်၏ နိုင်ငံ့အာဏာသိမ်းယူခြင်းမှ ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်ဟုဆိုနိုင်ပါသည်။
ထို့ထက်ပို၍ နိုင်ငံသူ၊နိုင်ငံသားတို့၏ မုန်းတီးမှုနှင့် စွန့်ပစ်ခြင်းခံလိုက်ရသောကြောင့် နိုင်ငံ့တပ်မတော်မှ အကြမ်းဖက်စစ်တပ် အဖြစ်ပြောင်းလဲသွားသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ ကျဆုံးခန်းနေဝင်ချိန် ရောက်ရှိလာခြင်းဖြစ်သည်ဟုလဲ ဆိုရပေမည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်တပ်တို့ကြား၌ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုင်ရာ ညှိနှိုင်း၍မရနိုင်သော ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ကို ဆင်နွှဲလာခဲ့ကြသည်မှာ လွတ်လပ်ရေးရပြီးချိန်မှ စတင်ခဲ့သည်ဖြစ်သောကြောင့် လက်ရှိအချိန်အထိ နှစ်ပေါင်း(၈၀)ခန့် ကြာမြင့်လာခဲ့ပြီဖြစ်ရာ ကမ္ဘာ့အရှည်ကြာဆုံးသော ပြည်တွင်းစစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဖြစ်လေသည်။
မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသမှ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ( KNU/KNLA ) နှင့် မြောက်ပိုင်းဒေသမှ ကချင်လွတ်မြောက်ရေး တပ်မတော်( KIO/KIA ) တို့သည် စစ်တပ်နှင့် နှစ်ပေါင်းအရှည်ကြာဆုံး တိုက်ပွဲဆင်နွှဲလာခဲ့သည့် သဘာရင့်ဝါရင့် သက်တော်ရှည်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကြီး နှစ်ခုပင်ဖြစ်သည်။
(more…)