SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက် ရဲဘော်များ ထိခိုက်ဒဏ်ရာရ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း၊လဲချားမြို့နယ်၊ ဆလိုင်းခုမ် ကျေးရွာ အနီး လဲချား – မိုင်းနောင် လမ်းမကြီးပေါ်မှာ SSPP/SSA ၏ စစ်ကြောင်းယာဉ်တန်းကို ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၈ နာရီ ၄၂ မိနစ်ဝန်းကျင်က RCSS တပ်ဖွဲ့ရ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

SSPP/SSA သည် NCA လက်မှတ်မထိုးထားသည့်အဖွဲ့ဖြစ်ပြီး RCSS/SSA သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ကြောင်း၊ SSPP/SSA ဘက်မှ တိုက်ပွဲမဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားပြီးရှောင်သော်လည်း RCSS ကတိုက်ခိုက်လာကြောင်း SSPPမှ ထုန်ပြန်ထားသည်။

SSPP ယာဉ်တန်း မိုင်း ၂လုံး ဖောက်ခွဲတိုက်ခိုပ်ခံရမှုကြောင့် စစ်ကားတစ်စီးထိခိုက်ပျက်စီးပြီး၊ ရဲဘော် ၄ ဦးနှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုအပါအဝင် ချောင်းမြောင်းပစ်ခတ်မှုများသည် RCSS ဘက်က နှစ်ဖွဲ့ကြား တိုက်ပွဲပြေငြိမ်းရန် ဆန္ဒမရှိသဖြင့် SSPP/SSA ကို တိုက်ပွဲဖော်ဆောင်အောင် ဖိအားပေးသလို ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS တပ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်မှုများကို အထက်ပိုင်းမှ မထိန်းချုပ်နိုင်ပါက SSPP အနေဖြင့် ဖြစ်လာမည့် တိုက်ပွဲများကို တားဆီးနိုင်လိမ့်မည်မဟုတ်ပဲ၊ မိမိ၏ စစ်ကြောင်းလှုံခြုံရေးအတွက် စစ်ရေးဖြင့် ကာကွယ်သွားနိုင်မည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor