04
Oct
"Local တွေနဲ့ NUG MOD ရဲ့ကြားက ကွဲလွဲမှုတွေဖြစ်ပြီး MOD ကခန့်အပ်ထားတဲ့ ခေါင်းဆောင်တချို့ဟာ Local တွေအပေါ် ဖိအားပေးမဲ့အစား စည်းရုံးရေးကို မြန်စွာအကောင်အထည်ဖော်မှ COC ကောင်းစွာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Local တွေဆိုတာက လက်နက်ကိုင်တော်လှန်ရေးအစ ဘယ်အစိုးရမှမပေါ်ခင်ကတည်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်လာတာ" ကိုတင်ဖေ တော်လှန်ရေးကာလနှစ်နှစ်ကျော်အတွင်း အညာဒေသလက်နက်ကိုင်တော်လှန်ရေးဟာ အတော်လေးခရီးပေါက်လာတာကိုတွေ့မြင်နေရပါတယ်။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ Local PDF တွေလည်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပသုံးလုံးတွေအားကောင်းလာတာကိုတွေ့ရမှာပါ။ မကြာခဏဆိုသလို Local တွေနဲ့ ပကဖတွေကြား ပွတ်တိုက်မှုတွေဖြစ်ပွားနေသလို မြေပြင်မှာ အတူယှဉ်တွဲနေကြရတာဟာလည်း ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။ Local တွေကို နှစ်ပိုင်းခွဲပြီးမြင်ကြရရင် EROs ကျောထောက်နောက်ခံရှိတာနဲ့ ပြည်သူလူထုအားကိုးနဲ့…