နမ့်ခမ်း

မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

RNA_မေ(၃)၊၂၀၂၄ ခုနှစ်။ မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း (၆၀) ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ပြည်သူလူထုများ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်က ယနေ့ ပြောကြားခဲ့သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် နမ့်ခမ်းမြို့ ပြည်သူလူထုများ ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဗိုလ်ချုပ် တားဟိုပလန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။ (more…)
Read More
နမ့်ခမ်းမြို့ထဲ TNLA ရဲဘော်များ ဝင်ရောက်လာ 

နမ့်ခမ်းမြို့ထဲ TNLA ရဲဘော်များ ဝင်ရောက်လာ 

RNA_ဖေဖော်ဝါရီ ၄ ရက်၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့မဈေးနှင့်အနီးဝန်းကျင်မှာ ယနေ့ နံနက် ၉ နာရီဝန်းကျင်ကစပြီး တအာင်းတပ်မတော် TNLA ရဲဘော်များ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကြောင်း သိရသည်။ TNLA မြို့ထဲရောက်ရှိနေသည့်အတွက် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြပြီး၊ မြို့မဈေးက ဈေးသည်များ ဆိုင်ပိတ်သိမ်းနေကြကြောင်း၊ ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အထိ ပစ်ခတ်မှု မရှိကြောင်း ဒေသခံတွေထံက သိရသည်။ နမ့်ခမ်းမြို့တွင် TNLA က အခွန်ကောက်‌ခံသည့် အလုပ်များ လုပ်နေကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့က အခွန်ကောက်ခံလာသည့် TNLA တပ်သား ၂ဦး မြို့မဈေးထဲမှာ ပစ်သတ်ခံရပြီး သေဆုံးသည့်အတွက်…
Read More