ဖက်ဒရယ်ပြည်ထောင်စု

ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

"တူမီးနဲ့ အစပြုလို့ ရရာလက်နက်နဲ့ စစ်ကောင်စီကို ချင်းပြည်နယ်က တော်လှန်ခဲ့တာဟာဆိုရင် ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးမှု ရနေပြီ" ကျော်ရဲစံ မြန်မာနိုင်ငံမှာ စတုရန်းမိုင် ၁၃၀၀၀ ဝန်းကျင်ရှိတဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်ကိုပြပါဆိုပါက ချင်းပြည်နယ်ကို ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၁၉ မြို့နယ်တည်ရှိပြီး သွားလာရခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီပြည်နယ်လေးကပဲ စစ်ကောင်စီကို တော်လှန်ရာမှာ ရှေ့ဆုံးကနေပါဝင်ခဲ့တယ်ဆိုတာ အားလုံအသိဖြစ်ပါတယ်။ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ကြီးတွေကို ပြာကျအောင် စစ်ကောင်စီက စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒီမြို့တွေရဲ့ တော်လှန်ရေးအင်အားကတော့ ပိုလို့သာ အားကောင်းခဲ့ပါတယ်။ အနောက်တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ မဏိပူရနယ်နဲ့ အနောက်ဘက်မှာ မီဇိုရမ်ပြည်နယ်တွေရှိနေပါလျက်နဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ချင်းပြည်နယ်ကို…
Read More
အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။ " ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့" ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ…
Read More
ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ "ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့" ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် - SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့…
Read More
နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။   နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။ #RedNewsAgency
Read More
ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင် မည်ဖြစ်ကြောင်း (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် ကျရောက်သည့် (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့သည် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၁၆ ရက်) ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းများအရ အေဒီ ၅၇၃ ခုနှစ်၊ သာသနာနှစ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် သုဝဏ္ဏဘူမိ နေပြည်တော်မှ မွန်မင်းသား နှစ်ပါးဖြစ်သော သမလ နှင့် ဝိမလ ညီနောင်မှ ဟံသာဝတီ (ပဲခူး) တိုင်းနိုင်ငံအသစ်ကို စတင်တည်ထောင်ခဲ့သည့်…
Read More