စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

” နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်”
အောင်ဇေ
 
စစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့ရှိရသည်။
 
စစ်ကောင်စီတပ် တိုက်ပွဲပုံသဏ္ဍာန် ဘာ့ကြောင့် ပြောင်းလဲလားသလဲဆိုတော့ ဒေသကာကွယ်ရေးတပ်များနှင့် PDFတိုက်ခိုက်ရေးရဲဘော်များ၏ ဘယ်အချိန် ဘယ်နေရာမှပေါ်ပေါက်လာပြီး တိုက်ခိုက်လာမည်ကို မသိရှိရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ စစ်ကြောင်းနှင့်ယာဥ်တန်းများအား ချုံခိုတိုက်ခိုက်ခြင်းနှင့် Drone များအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခြင်းများကို ခံလာရပြီး ထိခိုက်ကျဆုံးမှု များလာခြင်းကြောင်းဖြစ်သည်။ ရှမ်း- ကယားအစပ်က တိုက်ပွဲများတွင်လည်း နေ့လည်ခင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီချတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ထိုးနှက်တိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်းစီတပ်မှ အရာရှိအပါဝင် စစ်သည်အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ပါသည်။
 
ထို့ပြင်ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလားသော သံချပ်ကား(၂)စီးပါသော စစ်ကောင်စီစစ်ယာဥ်တန်းတခုကို ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်တို့က Dromeအသုံးပြုပြီး ဗုံးသီချတိုက်ခိုက်ပြီး ယာဥ်တန်းတခုလုံးကို အလစ်အငိုက် တိုက်ခိုက်လိုက်သောကြောင့် ယာဥ်တန်းတွင်ပါလာသော သံချပ်ကား(၂)စီးနင်း စစ်ယာဥ်တန်းတခုလုံး ဖျက်ဆီးခံရသည့်အပြင် ပါလာသောစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ချဆုံးပြီ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိသည်အထိ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှု များလာသောကြောင့် စစ်နည်းဗျူဟာများကို ပြောင်းလဲအသုံးပြုလာရခြင်းဖြစ်သည်ဟု ခန့်မှန်ုးမိပါသည်။

 ထို့သို့ စစ်ကောင်စီတပ်များ ထိခိုက်သေကြေကျဆုံးမှုများလာသော စစ်ကောင်စီသည် စစ်နည်းဗျူဟာများအရ မြို့တွင်းရှင်းလင်းခြင်း၊ ရွာတွင်းရှင်းလင်းခြင်း၊ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းများကို နေ့အချိန်တွင်ပြုလုပ်ခြင်း မရှိတော့ဘဲ ည အချိန်မှသာပြုလုပ်လာခြင်းကိုလည်း ချင်းပြည်သူ့ကာကွယ် ရေးတပ်နှင့် ကယားပြည်နယ် ဖယ်ခုံမြို့ရှိဒေသခံများမှ ပြောချက်များအရ သိရပါသည်။
 
ဒီးမော့ဆိုအပါအဝင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာလည်း နံနက် လင်းအားကြီးချိန်နှင့် ထို့ကဲ့သို့ ညအချိန် ချီတိုက်တိုက်ခိုက်မှု၊ ညပိုင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာခြင်းသည် စစ်နည်းဗျူဟာအရ ညတိုက်ပွဲစစ်နည်းဗျူဟာကို ဖော်ဆောင်အသုံးပြုလာခြင်းဖြစ်ပါသည်။ ထိုညတိုက်ပွဲ စစ်နည်းဗျူဟာများကိုလည်း စစ်ကောင်စီလက်အောက်ရှိ စစ်တပ်တန်းမြှင့်လေ့ကျင့်ရေးကျောင်းကြီးများတွင်လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။ ညတိုက်ပွဲသည် မြင်ကွင်းကန့်သတ်ချက်များရှိခြင်းကြောင့် သေချာလေ့ကျင့် ထားခြင်းမရှိလျှင် အထိအခိုက်ကျဆုံးများလာနိုင်သည်ကိုလည်း တိုင်းရင်သားလက်နက်ကိုင်များ၊ ဒေသကာကွယ်​ရေးတပ်များနှင့် PDFတိုက်ခိုက်ရေး ရဲဘော်များအနေဖြင့်လည်း သိရှိရန် လိုအပ်ပါသည်။
 
စစ်ကောင်စီတပ်သည် နေ့ခင်းဘက်တွင် စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ဘဲ ညဘက်မှသာ စစ်ရေးလှုပ်ရှားလာမှုများကို ကြည့်မည်ဆိုပါလျှင် နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်လာရသည်ကိုလည်း တွေ့လာရပါသည်။ လေကြောင်းအသုံးပြု အဓိကထား တိုက်ခိုက်လာရခြင်းကို ကြည့်မည်ဆိုလျှင်လည်း တိုင်းရင်သားလက်နက်ကိုင်များနှင့် PDF စခန်းများကို အင်းအားသုံး ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် အင်းအားအလုံအလောက်မရှိတော့သည့်အပြင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များသည် တိုက်ခိုက်လိုစိတ် နည်းပါးလာမှုကြောင်ဖြစ်နိုင်သည်။ ဒါ့ကြောင့်လည်း မြေပြင်ထက် ဝေဟင်ကို အဓိကထား တိုက်ခိုက်သည့် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းဗျူဟာကို ပြောင်းလဲအသုံးပြုလာခြင်း ဖြစ်ပါသည်။
 
တိုင်းရင်းသာလက်နက်ကိုင်များ၊ ဒေသကာကွယ်ရေး တပ်များနှင့် PDF ရဲဘော်များအနေဖြင့် စစ်ကောင်စီတပ်၏ ညတိုက်ပွဲများနှင့် လေကြောင်းမှညဘက်တိုက်ခိုက်ခြင်းများ မခံရစေရန်အတွက် ညဘက်အချိန် မီးအလင်းရောင်များ ထွန်းထားခြင်း၊ အသံဆူညံနေခြင်း၊ ထင်သာမြင်သာရှိသော လှုပ်ရှားမှုများကို ရှောင်ကျဥ်ရန်လိုအပ်ပါသည်။ ထို့အပြင် မိမိစခန်းနှင့် စခန်းပတ်ဝန်းကျင်တွင်လည်း ကင်းတိုကင်းရှည်များချထားရန်နှင့် ၎င်းကင်းစခန်းများအား ညဘက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စိတပ်များ အလွယ်တကူမတွေ့ရှိစေရန် ဖုံးကွယ်မှုကောင်းသောနေရာနှင့် လုံခြုံမှု ကောင်းသောနေရာများတွင် ကင်းများချထားသင့်ပါသည်။ ထို့အပြင်လေကြောင်းတိုက်ခံမှုကိုကာကွယ်ရန်အတွက်လည်း မြေအောက်လှိုင်ဂူများနှင့် ဗုံးခိုကျင်းများကိုလည်း စနစ်တကျတူးထားရန်နှင့် ၎င်းပေါ်တွင် ဗုံးသီတိုက်ရိုက်ပေါက်ကွဲမှုမရှိစေရန် ကားတာယာကွင်းများအား မြေကြီးများထည့်၍ ဗုံးခိုကျင်းအပေါ်တွင် ထားရှိရန်လည်းလိုအပ်ပါသည်။
 
လက်နက်ကိုင်တိုက်ပွဲခုခံတွန်းလှန်စစ်သည် အမြင့်ဆုံးသော တော်လှန်ရေးတရပ်ဖြစ်သည့်အလျောက် ယခုလက်ရှိအနေအထားများမှာ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသကာကွယ်ရေးတပ်များနှင့် PDF များ၏ တိုက်ပွဲပုံဖော်နိုင်မှုသည် အချို့သောနေရာများတွင် အသာစီးရနေပြီဟု သုံးသပ်ရသော်လည်း မျက်နှာချင်းဆိုင်တိုက်ပွဲများနှင့် တန်ပြန်ထိုးစစ်ဆင်နိုင်မှုမရှိသေးခြင်းနှင့် လေယာဉ်ဗုံးကြဲမှုများကိုကား တန်ပြန်ပစ်ခတ်နိုင်သည့် အနေအထားမရှိသေးကြောင်း တွေ့ရှိရသည်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း လက်နက်အင်အားနည်းမှုနှင့် ယနေ့အထိ လက်လုပ်သေနတ်များအသုံးပြု တိုက်ခိုက်နေရခြင်းကို တွေ့ရှိနေရသည်မှာလည်း တော်လှန်ရေးအတွက် အကျအဆုံးမျာမှုနှင့် အချိန်ကြာမြင့်စေသည်ဟု ယုံကြည်ပါတယ်။ စစ်အာဏာရှင်တွေကို ပြိုလဲ​​အောင် ထိုးနှက်နိုင်သည့် တိုက်ခိုက်ရေးရဲဘော်အင်အားရှိသော်လည်း လက်နက်အင်အားကား ယနေ့အထိ လိုအပ်ချက်ရှိနေသည်ကို တွေ့ရှိရပြီး လေကြောင်းရန် ကာကွယ်ရေးထက် လေကြောင်းကို ပြန်တိုက်ခိုက်နိုင်မှသာ တော်လှန်ရေးကြီးအောင်မြင်မှု ပိုမြန်မည်ဟု စစ်ရေးအခြေအနေတချို့ကို သုံးသပ်ရပါသည်။
 
Red News Agency 
By Editor