” နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်”
အောင်ဇေ
စစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို ပြောင်းလဲ ကျင့်သုံးလာသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီတပ် တိုက်ပွဲပုံသဏ္ဍာန် ဘာ့ကြောင့် ပြောင်းလဲလားသလဲဆိုတော့ ဒေသကာကွယ်ရေးတပ်များနှင့် PDFတိုက်ခိုက်ရေးရဲဘော်များ၏ ဘယ်အချိန် ဘယ်နေရာမှပေါ်ပေါက်လာပြီး တိုက်ခိုက်လာမည်ကို မသိရှိရခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ စစ်ကြောင်းနှင့်ယာဥ်တန်းများအား ချုံခိုတိုက်ခိုက်ခြင်းနှင့် Drone များအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်ခြင်းများကို ခံလာရပြီး ထိခိုက်ကျဆုံးမှု များလာခြင်းကြောင်းဖြစ်သည်။ ရှမ်း- ကယားအစပ်က တိုက်ပွဲများတွင်လည်း နေ့လည်ခင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီချတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံမှ စစ်ကောင်စီတပ်စစ်ကြောင်းကို ထိုးနှက်တိုက်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်းစီတပ်မှ အရာရှိအပါဝင် စစ်သည်အများအပြားသေဆုံးထိခိုက်မှုများရှိခဲ့ပါသည်။
ထို့ပြင်ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလားသော သံချပ်ကား(၂)စီးပါသော စစ်ကောင်စီစစ်ယာဥ်တန်းတခုကို ချင်းပြည်နယ် ဒေသကာကွယ်ရေးတပ်တို့က Dromeအသုံးပြုပြီး ဗုံးသီချတိုက်ခိုက်ပြီး ယာဥ်တန်းတခုလုံးကို အလစ်အငိုက် တိုက်ခိုက်လိုက်သောကြောင့် ယာဥ်တန်းတွင်ပါလာသော သံချပ်ကား(၂)စီးနင်း စစ်ယာဥ်တန်းတခုလုံး ဖျက်ဆီးခံရသည့်အပြင် ပါလာသောစစ်ကောင်စီတပ်သားအများအပြား ထိခိုက်ချဆုံးပြီ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုပါ သိမ်းဆည်းရမိသည်အထိ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှု များလာသောကြောင့် စစ်နည်းဗျူဟာများကို ပြောင်းလဲအသုံးပြုလာရခြင်းဖြစ်သည်ဟု ခန့်မှန်ုးမိပါသည်။


