07
Sep
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေနှင့် သုံ့ပန်းများကို ညှဉ်းပန်းခြင်း သတ်ဖြတ်ခြင်း မပြုလုပ်ရန်ပါအဝင် အချက် (၇) ချက်ကို ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် RNA-စက်တင်ဘာ ၇ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေး ယနေ့စတင်လိုက်ပြီဟုကြေညာခဲ့အပြီး တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေဖြင့် သုံ့ပန်းများကို ညှဉ်းပန်းခြင်း သတ်ဖြတ်ခြင်း မပြုလုပ်ရန်အပါအဝင် အချက် (၇) ချက်ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်လက်မှတ်ထိုးပြီး ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အထက်မိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို…