Urban Revolutionary Front – URF

URF မှ၂ နှစ်အတွင်း တိုက်ခိုက်မှု မြို့ပြ (၂၁)ကြိမ်၊ ချေမှုန်ရေး (၂၀)၊ ထိတွေ့ (၁၇)ကြိမ်နှင့်ပြောက်ကျား (၁၁) ကြိမ် ပြုလုပ်ခဲ့

URF မှ၂ နှစ်အတွင်း တိုက်ခိုက်မှု မြို့ပြ (၂၁)ကြိမ်၊ ချေမှုန်ရေး (၂၀)၊ ထိတွေ့ (၁၇)ကြိမ်နှင့်ပြောက်ကျား (၁၁) ကြိမ် ပြုလုပ်ခဲ့

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) အနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၇) နေ့မှာ (၂) နှစ်ပြည့်ခဲ့ပြီး ရန်ကုန်မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၂၁)၊ ဖယ်ခုံ၊မိုးဗြဲ၊ ဒီးမော့ဆို စသည့် ဒေသတို့တွင် ချေမှုန်းရေးတိုက်ပွဲ (၂၀)၊ ထိတွေ့မှု (၁၇)ကြိမ်၊ ပြောက်ကျားတိုက်ခိုက်မှု (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။   မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း…
Read More
ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။ ရှမ်း-ကယား နယ်စပ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှ နံနက် ၉ နာရီအထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀) ဦးထက်မနည်း သေဆုံးပြီး (၂) ဦးဖမ်းဆီးခံရကာ အများအပြားထွက်ပြေးသွားကြောင်း သိရသည်။ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01နှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။…
Read More
ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - Urban Revolutionary Front - URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ (more…)
Read More