ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။

ဓာတ်ပုံ – (၅၉) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပခဲ့သည့် မြင်ကွင်း 

ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ကျရောက်သည့် တအာင်းအမျိုးသားတို့၏ နှစ် (၆၀) ပြည့် အမျိုးသား တော်လှန် ရေးနေ့တွင် တအာင်းအမျိုးသား လွတ်မြောက် ရေး၊ တအာင်းပြည်နယ် ရရှိရေးအတွက် အသက်၊ သွေး၊ ချွေး၊ ပစ္စည်း ဥစ္စာအမျိုးမျိုး စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အာဇာနည် ရဲဘော်/ရဲမေများ ခေါင်းဆောင်များနှင့် မိဘပြည်သူများအား ဂုဏ်ယူစွာဖြင့် ဦးညွှတ်အလေးပြုအပ်သည်ဟု နှစ် (၆၀) ပြည့် တအာင်းအမျိုးသားတော်လှန် ရေးနေ့ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေဖြင့် တော်လှန်တိုက်ပွဲဝင်နိုင်သော တအာင်းတပ်မတော်ကို ခိုင်မာစွာ လေ့ကျင့်တည်ဆောက်ပြီး လူထုနှင့်ဒေသကို ကာကွယ်စီမံ အုပ်ချုပ်နိုင်မည့် အုပ်ချုပ်ရေးလုပ်ငန်း စသည်တို့ကို လုပ်ဆောင်နေပြီး၊ ဒီမိုကရေစီနှင့် အမျိုး သားလွတ်မြောက်ရေး ပန်းတိုင်ရောက်ရှိသည်အထိ ဦးလည်မသုန် တော်လှန်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor