ထောင်ဝန်ထမ်း

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။ အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။ (more…)
Read More
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။ ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ…
Read More