Red News Agency

Independent Journalism for Justice and Human Rights.

ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။
 
လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။

[embedyt] https://www.youtube.com/watch?v=i2-kpHzJvds[/embedyt]

ဖားကန့်နယ်မြေရောက် စစ်ကောင်စီတပ် အရာရှိကလည်း တစ်နှစ်ကို သိန်း (၉၀၀၀) တောင်းသလို KIA တပ်မဟာ (၉) တပ်ရင်း (၆) ကလည်း ည ၁၁ နာရီကနေ နံနက် ၁ နာရီအတွင်းသာ ကျောက်မိုင်းခွဲတာတွေ ပြုလုပ်ရမယ်လို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေများကို Red News Agency က တင်ပြထားပါတယ်။
 
Red News Agency
 
Red News – YouTube: https://www.youtube.com/@rednewsmm/
Red News – Telegram : https://t.me/rednewsagency
Red News – Website : https://rednewsagency.com/