သီတဂူ နာယကဆရာတော် အရှင်ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့ကို စစ်ကောင်စီတပ်က ကျောင်းထဲမှာ သတ်ပစ်ခဲ့

RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းကွဲကျေးရွာ ရွှေဂူကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စီးနင်းဝင်ရောက်ပြီး သီတဂူ နာယက (၁၀) ပါးစာရင်းဝင် အရှင်ဂန္ဓသာရ (မန္တလေးမြို့၊ မဟာမင်းဒင်စာသင်တိုပ် စာချဆရာတော်) နှင့် မခင်စုမွန်တို့ကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ယနေ့ နံနက် (၅) နာရီ ဝန်းကျင်က သတ်ဖြတ်သွားကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ယနေ့ ထုတ်ပြန်ထားသည်။
 
မန္တလေးမြို့မှ ဒီပဲယင်းကွဲကျေးရွာသို့ ခေတ္တကြွရောက်လာသည့် သက်တော် သက်တော် (၄၂နှစ် ဝါတော် (၂၂)ဝါ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ ဆရာတော် အရှင် ဂန္ဓသာရနှင့် မခိုင်ဆုမွန်တို့မှာ ကျောင်းတွင်း ယနေ့ နံနက်မှာ အသတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်စစ်ကြောင်းကို ခုခံကာကွယ်ခဲ့ကြသည့် စကိုင်းခရိုင်တပ်ရင်း (၈) မှ ရဲဘော် ဖိုးတုတ် ( အသက် ၄၀ နှစ်)၊ ကိုမျိုးထွန်းတို့မှာလည်း ယနေ့နေ့က စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်း မိုးကြိုး၊ တောင်ကြား၊ အင်းမ၊ စံသစ် နှင့် ဒီပဲယင်းကွဲကျေးရွာအနီးဝန်းကျင် ရောက်ရှိလာသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် စစ်ကိုင်းခရိုင် တပ်ရင်း (၁) နှင့် တပ်ရင်း (၈) တို့ ပူးပေါင်း ခုခံခဲ့ကြကြောင်း၊ ယင်းခုခံတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းသည် ဒီပဲယင်းကွဲကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
#RedNewsAgency
By Editor