ရေးဘီးလူး

ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။ ရေးဘီလူးတပ်ဖွဲ့က အချုပ်သား (၃) ဦးကိုယ် ကယ်ထုတ်နိုင်သည့် သတင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အစ်ကိုနှင့် တော်လှန်ရေးရဲဘော် ညီဖြစ်သူတို့ တွေ့ဆုံံံံံသည့် သတင်း၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် (၉) ဦးသေဆုံးခဲ့ရသည့်သတင်းနှင့် ပြည်သူတစ်ဦးက NUG ထံ အကြံပြုစာတို့ကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednews #rednewsagency #rna #revolution #myanmar #burma #spring
Read More
ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။ ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် "နန်းငယ်" တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် "ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား" ခေါင်းစဉ်ဖြင့် " ?သစ္စာမဲ့နေတာလား? ? သူရဲဘောကြောင်နေလား? ?လောက်ကောင်တွေလား?" စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။   #RedNewsAgency #RNA
Read More
စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

စစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့ ဝင်တိုက်

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။ ယနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မွန်ပြည်နယ် (တောင်ပိုင်း)၊ ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်သားများ စခန်းချစစ်ဆေးနေသည့် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီးဘူးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အပြန်လှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေကလည်း ရေးဘီလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။ #RedNewsAgency
Read More
ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် " Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်" ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

ရေးဘီလူး အဖွဲ့ပစ်ခတ်မှုကြောင့် ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံး ( ရုပ်သံ) RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့၏ ယနေ့ နံနက် (၈) နာရီ ၂၀ မိနစ်ဝန်းကျင်က စောင့်ကြိုပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်း စခန်းမှူးအပါအဝင် ရဲ (၃) ဦးသေဆုံးကာ M16 တလက်နှင့် ပစ္စတို တလက်နှင့် အခြားပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ရေးမြို့မရဲစခန်းအပါအဝင် စီးနင်းလာသည့် ယာဉ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ - ၁၉) အနီးတွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ Red News…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More