ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
 
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – Urban Revolutionary Front – URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။
မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်နှင့် မိုးဗြဲ ​ဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများအတွင်း ​မြို့ပြ​တော်လှန်​ရေးတပ်ဦး ရဲဘော်များသည် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များ ၊မဟာမိတ်များနှင့် ပူး​ပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင် ဘာလမှာ တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲတိုက်ပွဲတွင် မြို့ပြတော်လှန်ရေးတပ်ဦးက ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး (၈) ယောက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော မြို့ပြတော်လှန်ရေးတပ်ဦး(U.R.F) ရဲဘော် အောင်စာ (ခ) ဘီစိန်ရှို့၏ ဈာပနမြင်ကွင်း
Red News Agency
By Editor