Tag: မိုးဗြဲ

  • ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

    ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော်(၆)ဦး မြင့်မြတ်စွာကျဆုံး

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။

    ကရင်နီနှင့် ရှမ်းတောင်အစပ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၄၀) ကျော်သေဆုံးပြီး KNDF ရဲဘော် (၆) ဦးမြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

    ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား KNDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှုတွင်လည်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးကြောင်း၊ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်ကျေးရွာအကြား ဇန်နဝါရီလ (၁၂) ရက်နေ့၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးကျော်သေဆုံးသည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

    (more…)

  • ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

    ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တပ်စခန်း (၆၅) ခုကိုသိမ်းပိုက်နိုင်ပြီးနောက် မြို့ (၇) မြို့ကို ထိန်းချုပ်ထား

    RNA_မတ်(၂၃)၊၂၀၂၄ခုနှစ်။

    ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနှင့် မော်ချီး၊မိုးဗြဲ၊ နန်းဖယ်ခုံပါဝင်သည့် မြို့(၇)မြို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ထိန်းချုပ်နိုင်ခဲ့ပြီးအကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်း (၆၅) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    “(၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသောမြို့(၇)မြို့ ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီး (၁၁၁၁) စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီမှ စွန့်ခွာ တပ်ဆုတ်သွားသော စခန်း (၁၆) ခုရှိခဲ့ပါသည်။ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများမှာ လွိုင်ကော်မြို့နယ်တွင် စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း (၉) ခု၊ ဘောလခဲမြို့နယ်တွင် စခန်း(၅) ခု၊ ရှားတောမြို့နယ်တွင် စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်တွင် (၁၇)ခု နှင့် မယ်စဲ့မြို့နယ်တွင် ( ၁)ခု၊ ဖရူဆိုမြို့နယ်တွင် (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခုဖြစ်ပါသည်” ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

    (more…)

  • ကယန်းပြည်သစ်ကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အခက်တွေ့နေ

    ကယန်းပြည်သစ်ကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အခက်တွေ့နေ

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၄ ခုနှစ်။

    ကရင်နီပြည်နှင့်ရှမ်းတောင်အစပ် ဖယ်ခုံမြို့နယ်အတွင်းနှင့် ပျဉ်းမနားမြို့နယ်၊ သံတောင်ကြီးအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် ကယန်းပြည်သစ်စိုးမိုးနယ်မြေများကြောင့် ဒေသတွင်း တော်လှန်ရေးအင်းအားစုများတိုက်ပွဲဖော်ဆောင်ရာတွင် အခက်တွေ့နေရကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။

    ကယန်းပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသော်လည်း စစ်ကောင်စီကို တရားဝင်ကြေညာပြီးတိုက်နေသည့်အဖွဲ့မဟုတ်ကြောင်း၊ စိုးမိုးနယ်မြေများအတွင်းရှိ စစ်ကောင်စီဂိတ်နှင့်စခန်းများကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်သည်ကို မလိုလားသည့်အနေအထားဖြစ်နေပြီး၊ စိုးမိုးနယ်မြေအတွင်း ဂိတ်များမှ တော်လှန်ရေးအဖွဲ့အစည်းများ လက်နက်သယ်ယူခြင်းနှင့် ယူနီဖောင်းဝတ်သွားလာမှုများကိုပါ မြေပြင်တွင် ကန့်သတ်မှုများပြုလုပ်နေကြောင်း သိရသည်။

    ဓာတ်ပုံ : ကယန်းပြည်သစ်တပ်ဖွဲ့ဝင်များ – KNLP

    (more…)

  • ၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများနေ

    ၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများနေ

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။
    မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်နေရေးဖော်ဆောင်ချိန်တွင်း ထပ်မံပေါ်ပေါက်လာသည့် ကရင်နီပြည် တော်လှန်ရေးအင်အားစုများ၏ ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးအတွင်း လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အသေအဆုံးများနေကြောင်း သိရသည်။
    လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လေကြောင်းပစ်ကူများ ပစ်ခတ်နေသည့်အတွင်းမှ တော်လှန်ရေးအင်အားစုများက လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ အောင်နိုင်မှုရရှိခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံးကာ လက်နက်ချအညံ့ခံမှုများရှိခဲ့သည်။

    (more…)

  • URF မှ၂ နှစ်အတွင်း တိုက်ခိုက်မှု မြို့ပြ (၂၁)ကြိမ်၊ ချေမှုန်ရေး (၂၀)၊ ထိတွေ့ (၁၇)ကြိမ်နှင့်ပြောက်ကျား (၁၁) ကြိမ် ပြုလုပ်ခဲ့

    URF မှ၂ နှစ်အတွင်း တိုက်ခိုက်မှု မြို့ပြ (၂၁)ကြိမ်၊ ချေမှုန်ရေး (၂၀)၊ ထိတွေ့ (၁၇)ကြိမ်နှင့်ပြောက်ကျား (၁၁) ကြိမ် ပြုလုပ်ခဲ့

    RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။

    မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front – URF) အနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၇) နေ့မှာ (၂) နှစ်ပြည့်ခဲ့ပြီး ရန်ကုန်မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၂၁)၊ ဖယ်ခုံ၊မိုးဗြဲ၊ ဒီးမော့ဆို စသည့် ဒေသတို့တွင် ချေမှုန်းရေးတိုက်ပွဲ (၂၀)၊ ထိတွေ့မှု (၁၇)ကြိမ်၊ ပြောက်ကျားတိုက်ခိုက်မှု (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

    ယနေ့ မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၂၀) ထက်မနည်းသေဆုံးပြီး (၂) ဦး ဖမ်းဆီးခံရ 

    RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။

    ရှမ်း-ကယား နယ်စပ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များမှ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှ နံနက် ၉ နာရီအထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀) ဦးထက်မနည်း သေဆုံးပြီး (၂) ဦးဖမ်းဆီးခံရကာ အများအပြားထွက်ပြေးသွားကြောင်း သိရသည်။

    ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် MBPDF B-01၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01နှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

    RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ (၂၅) ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခခန့်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချပြီး ပစ်ခတ်မှု (၇) ကြိမ်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=kK3eMDQEEy4[/embedyt]
     
    #RedNewsAgency

  • ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး – Urban Revolutionary Front – URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။
    မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

    (more…)

  • မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

    မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ် 

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း

    ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

    (more…)

  • စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် မောင်နှမ (၂) ဦးအပါဝင် (၄) ဦးသေဆုံးပြီး (၁၃) ဦးဒဏ်ရာရ

    RNA_စက်တင်ဘာ(၁၆)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်မှု မိုးဗြဲမြို့ မွေတော် ဘုရားကျောင်းဝန်းအတွင်း စစ်ဘေးရှောင်များအနီး ကျရောက်ပေါက်ကွဲပြီး အသက် (၁၀)နှစ် အောက် ကလေးငယ်မောင်နှမ (၂) ဦးနှင့် အသက်(၅၀)ကျော် အမျိုးသား (၂) ဦး သေဆုံးခဲ့ရပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ” စကစမှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော် ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံသောအပြစ်မဲ့ ပြည်သူ 13ဦး လက်နက်ကြီးထိမှန်ကာ အသက်10 နှစ် အောက် ကလေးငယ်မောင်နှမ ၂ ဦး နှင့် အသက် 50ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ပါသည်” ဟု Moebye Rescue Team က ယနေ့ အသိပေးထားသည်။

    စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့အနီးဝင်ကျင်ကို ရမ်းသန်းပစ်ခတ်နေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းကလည်း အသက် (၇) နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ကြောင်း၊ တိုင်ပွဲဖြစ်ပွားနေသည့် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး လက်နက်ကြီးများနှင့်လည်း ရမ်းသန်းပစ်ခတ်နေသည်။

    Red News Agency