မတရားသတ်ဖြတ်ခံရ

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More