ပုသိမ်ထောင်

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။ (more…)
Read More