အမျိုးသားညီညွတ်ရေးအစိုးရ

NUG အဖွဲ့ဝင်များ တော်လှန်ရေးတာဝန်နှင့် နိုင်ငံရေးတာဝန်များ ကျေပွန်ရန်လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

NUG အဖွဲ့ဝင်များ တော်လှန်ရေးတာဝန်နှင့် နိုင်ငံရေးတာဝန်များ ကျေပွန်ရန်လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြော

RNA_ဧပြီ(၂၃)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်သော ယနေ့ အစည်းအဝေးတွင် ​NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတာဝန်များနှင့် နိုင်ငံရေးတာဝန်များကို ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုအပ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားထားသည်။ "ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်း ကဏ္ဍအလိုက် “ဆိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ” တာဝန်ယူထားကြတဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တော်လှန်ရေးတာဝန်တွေနဲ့ နိုင်ငံရေးတာဝန်တွေကိုပါ ထိထိရောက်ရောက် ကျေပွန်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင် အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်" NUG ယာယီသမ္မတ…
Read More
NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးစသည့် ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြောင်း သိရသည်။ NUGနှင့် ABSDF တို့ နားလည်မှု စာချွန်လွှာ ချုပ်ဆိုပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ၊ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊…
Read More
ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။   ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။ (more…)
Read More