နိုင်ကျဉ်း

အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။ (more…)
Read More
လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာလာမည်ဟု ယခုရက်ပိုင်း သတင်းဖြန့်ထားပြီး ယမန် ( မတ်လ ၂၅ ရက်) နေ့ ညပိုင်းက ဖမ်းဆီးခံထားရသူ အကျဉ်းသား အကျဉ်းသူ (၅၀၀) ခန့်ကို ထောင်ပြောင်းရွေ့လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်ညပိုင်းက ထောင်တွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သာမန်အကျဉ်းသားများကို အသုတ်ခွဲကာ ထောင်ပြောင်းရွေ့ခဲ့ကြောင်း၊ သာယာဝတီထောင်ကို အများစု ပြောင်းရွေ့ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောသည်။ (more…)
Read More
အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်စိန်အကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူ အမျိုးသမီး (၁၀၀) ဝန်းကျင်နှင့် အမျိုးသား (၄၀၀) ဝန်းကျင်ကို ကား ၄ စီးဖြင့် သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ဇန်နဝါရီ (၁၄) ရက်နေ့ နံနက်ကိုင်းက ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။   "ထောင်ပြောင်းသွားတာ အကုန် ၅၀၀ နီးပါးရှိတယ်လို့ ဒီနေ့ ရုံးထုတ်လာသူတွေဆီကနေသိရတယ်၊ အခုရက်ပိုင်းမှနော် အမျိုးသမီးက ၁၀၀ လောက်ပါတယ်၊ သာယာဝတီထောင်ကို အများဆုံးပြောင်းတယ်တဲ့ မိသားစုတွေကတော့ မသိရသေးဘူး ဘယ်သူတွေပြောင်းတဲ့အထဲပါလည်းဆိုတာလေ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောသည်။ (more…)
Read More
ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။ (more…)
Read More
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ပေးကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

RNA_မတ်၂၁၊၂၀၂၂ခုနှစ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇…
Read More