RNA_ဇူလိုင်(၁၃)၊၂၀၂၅ ခုနှစ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကို အုတ်ဂူသွင်းခဲ့သည်။

RNA_ဇူလိုင်(၁၃)၊၂၀၂၅ ခုနှစ်။
ကွယ်လွန်သူ မြန်မာစာပါမောက္ခ (အငြိမ်းစား)၊ ဒေါက်တာ ညွန့်သောင်း (စာရေးဆရာ မောင်သာချို) ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး မီးသင်္ဂြိုဟ်ကာ အရိုးပြာကို အုတ်ဂူသွင်းခဲ့သည်။

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။
အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် “အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး” ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။


RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာလာမည်ဟု ယခုရက်ပိုင်း သတင်းဖြန့်ထားပြီး ယမန် ( မတ်လ ၂၅ ရက်) နေ့ ညပိုင်းက ဖမ်းဆီးခံထားရသူ အကျဉ်းသား အကျဉ်းသူ (၅၀၀) ခန့်ကို ထောင်ပြောင်းရွေ့လိုက်ကြောင်း သိရသည်။
![]()
ပြီးခဲ့သည့်ညပိုင်းက ထောင်တွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သာမန်အကျဉ်းသားများကို အသုတ်ခွဲကာ ထောင်ပြောင်းရွေ့ခဲ့ကြောင်း၊ သာယာဝတီထောင်ကို အများစု ပြောင်းရွေ့ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောသည်။



RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။
ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။
![]()
နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။





RNA_မတ်၂၁၊၂၀၂၂ခုနှစ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလက ကိုငြိမ်းချမ်းသည် Generation Wave အဖွဲ့တွင်ပါဝင်ခဲ့ပြီး ထောင်ကျခံရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရကာ စစ်ကြောရေးနှိပ်စက်ခံရမှုများရှိပြီး ယနေ့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
Red News Agency