တအာင်းအမျိူသား

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

သိမ်းပိုက်ထားသည့် မြို့ (၇) မြို့ကို PSLF/TNLA က အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တယားသစ်ဖြင့် စတင်လည်ပတ်မည်

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်မှ သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွက်ခိုင်မြို့တို့ကို တရားမျှတမှုရှိသည့် ဥပဒေများ ရေးဆွဲပြဌာန်းပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တယားသစ် စတင်လည်ပတ်နိုင်ရေး လက်တွေ့ဖော်ဆောင်သွားမည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။ PSLF/TNLA အနေဖြင့် တအာင်းအမျိုးသားအားလုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ ဒီုမိကရေစီနှင့်လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည်ချကအတိုင်း တဆင့်ချင်းအလိုက် အကာင်အထည်ဖောင်ဆောင်ရွက်နေသည် ဟုစသဖြင့် ယနေ့ ကျရောက်သည့် တအာင်းအများသားတော်လှန်ရေး (၆၁) နှစ်ပြည့် ဂုဏ်ပြုမိန့်ခွန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားခြင်းဖြစ်သည်။ (more…)
Read More
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း…
Read More
TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။ (more…)
Read More