သတင်း

အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

အောင်ဆန်းရုပ်ရှင် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ရေနံချောင်းတွင် ယနေ့ ရိုက်ကူး

ရေနံချောင်း၊ ဇန်နဝါရီ ၁၆ ရက်။ မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့၌‌ အောင်ဆန်းရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သည့် ရေနံမြေသပိတ် ဖြိုခွင်းခံရပုံ ဇာတ်ဝင်ခန်းကို ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဒါရိုက်တာ လူမင်းကိုယ်တိုင် ဦးစီးပြီး ဒေသခံများကို နေ့တွက်ခပေးကာ ဒေသခံ လူ ၅၀၀ ဝန်းကျင်သုံးပြိး ရေနံချောင်းတွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။ ယနေ့ ရေနံချောင်းတွင် ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ ရေနံြမေသပိတ်ကို ဖြိုခွင်းခံရပုံဖြစ်ကြောင်း၊ ဒေသခံများကို နံနက် ၇ နာရီမှစတင်ခေါ်ယူပြီး နေ့လည်ပိုင်းတွင် ရိုက်ကူးကြောင်း၊ ဒေသခံများကို နေ့တွက်ခ တဦးလျှင် တစ်သောင်းနှုန်းပေးကြောင်း၊ ဒေသခံများသည် ငွေကြေးထက် အောင်ဆန်း ရုပ်ရှင်တွင် တဒေါင့်တနေရာမှ…
Read More
ရွာသာယာရွာက အိုးလုပ်ငန်း

ရွာသာယာရွာက အိုးလုပ်ငန်း

ဒီလှိုင်း။ မင်းဘူး၊ ဇန်နဝါရီ ၁၄ ရက်။ အိုးလုပ်ငန်းရာသီရောက်လာပြီဖြစ်သော်လည်း ရွာသာယာရွာတွင် အစိုးရဝန်ထမ်းအလုပ်၊ နယ်ဝေးထွက် အလုပ်အကိုင် လုပ်နေသူများကြောင့် ရွာသာယာရွာတွင် အိုးလုပ်ငန်းဖြင့် စီးပွားရှာသူ နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွာသာယာရွာအုပ်စု အတွင်းမှာရှိသည့် စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာများတွင် မြေအိုးလုပ်ငန်းများကို ဘိုးဘွားအစဉ်အဆက်က မိသားစု တပိုင်တနိုင် လက်ဆင့်ကမ်း လုပ်ကိုင်လာကြခြင်း ဖြစ်ကြောင်း၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ ၆၃၀၊အိမ်ထောင်စု၄၇၀စု၊လူဦးရေ ၂၂၀၀ကျော်ရှိပြီး ယခင်နှစ်များကအိုးလုပ်ငန်းကိုဦးရေ၅၀ကျော်လုပ်ကိုင်ကြသော်လည်းယခုအခါ အိမ်ထောင်စု၂၀စုခန့် သာလုပ်ကိုင်ကြကြောင်း၊ စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာတို့မှာ ရွာသာယာရွာထက်အိုးလုပ်ငန်းလုပ်ကိုင်သူနည်းလာကြောင်းသိရသည်။ (more…)
Read More
ပျူလူမျိုးစု တောင်သားလူမျိုးများ တတိယအကြိမ် တွေ့ဆုံပွဲ အကြို မီးကြာလှည့်ပွဲနှင့် သနပ်ခါးတို့ပွဲ ကျင်းပ

ပျူလူမျိုးစု တောင်သားလူမျိုးများ တတိယအကြိမ် တွေ့ဆုံပွဲ အကြို မီးကြာလှည့်ပွဲနှင့် သနပ်ခါးတို့ပွဲ ကျင်းပ

ဆော၊ ဒီဇင်ဘာ ၂၇ ရက်၊ ဒီလိုင်း-ရိုက်ကူးသည်။ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊မိအယ်ကျေးရွာအခြေခံပညာကျောင်းဝိုင်းအတွင်းတွင် ထီးလင်းမြို့နယ်၊ဆောမြို့နယ်၊ဂန့်ဂေါမြို့နယ်၊စေတုတ္တရာမြို့နယ်စသည့်မြို့နယ်ပေါင်းစုံ မြို့နယ်အသီးသီးမှ ပျူမျိုးနွယ်စု(ခေါ်)တောင်သားလူမျိုးများ တတိယအကြိမ်တွေ့ဆုံပွဲ အကြိုအဖြစ် ဒီဇင်ဘာ ၂၇ ရက်ည ပိုင်းတွင်း မီးကြာလှည့်ပွဲနှင့် ရိုးရာ သနပ်ခါးတို့ပွဲနှင့် ရွာဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပွဲ ကျင်းပခဲ့သည်။ Red News Agency
Read More
နတ်မတောင် ဝန်းကျင်က ရှုခင်းများ

နတ်မတောင် ဝန်းကျင်က ရှုခင်းများ

အဖေသေပျော်ပြီ သမီးရေတဲ့ နတ်မတောင်ပေါ်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖခင်တဦးက သမီးဖြစ်သူကို ပြောကြားလိုက်တဲ့ စကားသံကို ကြားမိလိုက်တာပဲဖြစ်ပါတယ်။ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ဆိုတာကတော့ အများက နတ်မတော်လို့ သတ်မှတ်ခေါ်ကြပါတယ်။ (more…)
Read More
မကွေးလူငယ်ဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားအကများ၊ ရုပ်သေးကြိုးဆွဲအကများ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပ

မကွေးလူငယ်ဖွံ့ဖြိုးရေးပွဲတော်တွင် တိုင်းရင်းသားအကများ၊ ရုပ်သေးကြိုးဆွဲအကများ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကျင်းပ

ဒီလှိုင်း။ မကွေး၊ ဒီဇင်ဘာ ၁၆ ရက်။ မကွေးတက္ကသိုလ်လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အားဒီဇင်ဘာလ၁၆ရက်တွင်တိုင်းရင်းသားအကများ၊ရုပ်သေးကြိုးဆွဲအကများ၊ဖျော်ဖြေရေးအစီအစဉ်များဖြင့်စည်ကားသိုက်မြိုက်များစွာကျင်းပခဲ့ပြီး၊ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ‌အောင်မိုးညိုက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အတွင်းရှိပြပွဲအားလှည့်လည်ကြည့်ရှု့ခဲ့သည်။Red News Agency
Read More
အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

အစိုးရဌာနတွေမှာ လာဘ်စားမှုများရှိနေသေး

ဒီလှိုင်း ။ မကွေး၊ ဒီဇင်ဘာ ၁၁ ရက်။ ” NLD အစိုးရတက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ပေမဲ့ အဂတိလိုက်စားမှုကင်းစင်ပြီလားပပျောက်ပြီလားဆိုလို့ရှိရင်တော့ အစိုးရဌာအချို့က လာဘ်စားမှုတွေကရှိ‌နေသေးတယ်” ”ပထမဦးဆုံးNLDအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာတော့အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့မှသူတို့ကအကောင်းဆုံးကိုင်တွယ်နိုင်ပါတယ်လို့ပြောရမှာပေါ့နော်၊ကျွန်မတို့မကွေးတိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကနေပြီးတော့အဂတိလိုက်စားမှုကိုလုံးဝသည်းမခံဘူးပေါ့နော်၊အပစ်ပေးစရာရှိရင်အပစ်ပေးတယ်၊အရေးယူစရာရှိရင်အရေးယူတယ် ၊ အဂတိ လိုက်စားမှုတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်” ဟုကျေးလတ်မြေ ဒါရိုက်တာဒေါ်မူဆယ်ကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အရေးယူမှုတွေကိုလည်း မကွေးတိုင်းဒေသကြီး ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်တဲ့ ဖြောင့်မတ်တည်ကြည် အဂတိလိုက်စားမှု ကင်းဝေးသော လူ့ဘောင်ဆီ ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား စကားဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။Red News Agency
Read More
ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က  ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

ရဟန်း ရှင်လူ သိန်းချီပါဝင်သည့် မကွေးမြို့က ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ

ဒီလှိုင်း မကွေး ၊ ဒီဇင်ဘာ ၁၀ ရက်။ "လက်ရှိကျွန်တော်တို့နိုင်ငံကိုတရားစွဲဆိုခံနေရတဲ့ကိစ္စကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားဖြေရှင်းနေရတယ်ဆိုတာပြည်သူအားလုံးသိမှာပါ၊ဒီအတွက်ကျွန်တော်တို့ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူတစ်သားထဲပြည်သူတစ်ရပ်လုံးကရှိတယ်ဆိုတာကိုပြချင်လိုဖြစ်ပါတယ်၊ကျွန်တော်တို့နိုင်ငံကိုတရားစွဲခြင်းဟာကျွန်တော်တို့ပြည်သူတစ်ဦးချင်းကိုတရားစွဲဆိုတာနဲ့အတူတူပါဘဲ၊အဲဒီတော့ကျွန်တော်တို့အပစ်မရှိဘူးဆိုတာပြန်လည်ခုခံချေပဖို့အတွက်တာဝန်ရှိတယ်၊နိုင်ငံတော်အတိုင်ပင်ခံကနိုင်ငံရဲ့အကျိုးစီးပွား၊ပြည်သူရဲ့အတိုင်ပင်ခံနဲ့အတူရှိတယ်ဆိုတာကိုပြသခြင်းဖြစ်ပါတယ် " ဟု မ‌ကွေးမြို့ကံသာရပ်ကွက်မှဦးမိုးကပြောသည်။ မြန်မာနိုင်ငံအကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့သွားသောအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည့်ပွဲအား သံဃာတော်ဆရာတော်များ၊တိုင်းအစိုးရလွှတ်‌တော်ဥက္ကဌဦးတာ၊သယံဇာတ၊သဘာဝပတ်ဝန်းကျင်လျှပ်စစ်စွမ်းအင်ဝန်ကြီးဦးမြင့်‌ဇော်၊NLDအဖွဲ့ဝင်များ၊ပြည်သူများ၊ကျောင်းသား/သူများအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။Red News Agency
Read More
နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

နိုင်ငံတော်အကျိုးစီးပွား ကွာကွယ်ရန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မျိုးသားလုံး ထောက်ခံဖို့ လိုဟုဆို

ဇော်ကြီး (ကုန်းဇောင်း)၊ ပွင့်ဖြူ ၊ ဒီဇင်ဘာ ၁၀ ရက်။ မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွားကာကွယ်ရန်အတွက်နယ်သာလန်နိုင်ငံ(အပြည်ပြည်ဆိုင်ရာတရားရုံးICJ)သို့ရောက်ရှိနေသောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ပြည်သူများက ဒီဇင်ဘာလ ၁၀ရက်နံနက်၈နာရီတွင်ပြည် ပွင့်ဖြူမြို့ လုံချမ်းသာဘုရားကွင်းပြင်၌စုရပ်လုပ်၍မြို့တွင်းလှည့်လည်ကာ ဝန်းရံထောက်ခံပွဲ ပြုလုပ်ခဲ့သည်။ ” ဒီလိုခေါင်းဆောင်မျိုးဟာတိုင်းပြည်မှာနှစ်တစ်ရာမှာတစ်ယောက်ပေါ်ခဲ့တဲ့ခေါင်းဆောင်မျိုးဖြစ်တဲ့အတွက်တိုင်းပြည်ကိုကိုယ်စားပြုပြီးတော့ICJသွားပြီးအမှုရင်ဆိုင်သွားမှာဟာ သူတစ်ဦးတစ်ယောက်အတွက်အမှုရင်ဆိုင်သွားမှာမဟုတ်ပါဘူး၊ တိုင်းပြည်အတွက်သွားတာမလို့တစ်နိုင်ငံလုံး တစ်မျိုးသားလုံးဝန်ရံဖို့ လိုအပ်ပါတယ် ” ဟုကုန်းဇောင်းမြို့အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ကပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်အဖွဲ့အားမြန်မာနိုင်ငံသူနိုင်ငံသားများမှ‌ထောက်ခံဝန်းရံပွဲအားလူမှုရေးအသင်းအဖွဲ့အစည်းများ၊ပညာရေးဝန်ထမ်းများ၊စိုက်ပျိုးရေးဝန်ထမ်းများ၊လျှပ်စစ်ဝန်ထမ်းများ၊ပြည်သူအင်းအား၃၀၀၀၀ခန့်တက်ရောက်ခဲ့ကြသည်။Red News Agency
Read More
တစပြင်လို ချောက်ခြားစရာကောင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်ရာ

တစပြင်လို ချောက်ခြားစရာကောင်းနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ သန္ဓေတည်ရာ

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စတင် သန္ဓေတည်ရာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ညောင်နှစ်ပင် ညီလာခံ ကျင်းပရာ နေရာ နှင့် အဆောက်အအုံများသည် ချုံနွယ်များဖြင့် ပိတ်ဆို့နေပြီး ပျက်စီးယိုယွင်းနေသြည့် တစပြင်လို စိတ်ချောက်ခြားစရာ ကောင်းလှသည့် အနေအထားကို ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရှိခဲ့ရသည်။ ဓာတ်ပုံ - ဝင်းဇော်နိုင် စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ၁၉၉၃ ခုနှစ်မှစတင်ကာ စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားလှယ်များဖြင့် တပ်မတော်မှ ဦးဆောင်ကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အမျိုးသားညီလာခံက ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ (more…)
Read More
မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

ညောင်လေးပင်၊ ဒီဇင်ဘာ ၁ ရက်။ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်၌ပြည်သူများထည့်ဝင်ငွေဖြင့်စုဆောင်းထားသော မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲနေမှုကို ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း ဒေသခံများမှ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါဖွံ့ဖြိုးရေး ရန်ပုံငွေမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် က မြို့သူမြိုသားများထည့်ဝင်ငွေဖြင့် ဘက်ဟိုးဝယ် ထားကာ သုံးမရသည့်အနေအထား၌ ပြန်လည်ထုခွဲရောင်းချခဲ့ပြီး ရရှိသောငွေဖြင့် ထွန်စက်တစ်စီး၊ ရိတ်ချွေစက်တစ်စီး၊ နောက်တွဲတစ်စီးဝယ်ယူ၍ စက်မှုလယ်ယာ၌ထားရှိကာ အသုံးပြုဧကနှုန်းထားဖြင့် အငှားချထားခဲ့‌‌ပြီး ရရှိသည့်ငွေများအား ဘဏ်၌အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More