Tag: ဒူဝါလရှီးလ

  • နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

    RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။

    နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=_-8QJ-5Wb8g[/embedyt]

    #rednewsagency #rednews #rna #myanmar #revolution #burma

  • ပသုံးလုံး ပြုပြင်ပြောင်းလဲဲရေး အလုပ်ဖြစ်ရုံမျှထက် ပိုသင့်ဟု ယာယီသမ္မတပြော

    ပသုံးလုံး ပြုပြင်ပြောင်းလဲဲရေး အလုပ်ဖြစ်ရုံမျှထက် ပိုသင့်ဟု ယာယီသမ္မတပြော

    RNA_ဇန်နဝါရီလ(၁၅၊၂၀၂၅ ခုနှစ်။

    ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့နေသော ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပသုံးလုံး) များအနေဖြင့် စွမ်းရည်နှင့် ကျင့်ဝတ်သည် အထူးအရေးကြီးသည့် ကိစ္စဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေးသည် အလုပ်ဖြစ်ရုံမျှထက် ပိုသင့်သည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားထားသည်။

    (more…)

  • တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားအသုံးချမှုအပါအဝင် လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်မှုများ မရှိစေရေး၊ ယင်းကိစ္စများကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ရေး အလေးထားရမည်ဟု NUG ယာယီသမ္မတက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=od0fekQwzCw[/embedyt]

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းမှ လိင်အမြတ်ထုတ်မှု၊ အကြမ်ဖက်ခံရမှု၊ တော်လှန်ရေးတွင် ပါဝင်နေမှု စသည်တို့နှင့် ပတ်သက်ပြီး ကောက်နုတ်တင်ပြလိုက်ပါသည်။

    #RedNewsAgency

  • ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော

    RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။

    ” ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

    (more…)

  • ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
     
    ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။

    (more…)

  • စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

    စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရာမှာ အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုကြောင်း NUG ယာယီသမ္မတပြော 

    RNA_အောက်တိုဘာ (၁၈)၊၂၀၂၂ ခုနှစ်။

    မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း စစ်ရေးမဟာမိတ်တပ်ပေါင်းစု တည်ဆောက်သည့်နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘော ထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ကြည့်မြင်ဖို့လိုအပ်ကြောင်း ယနေ့ နံနက် (၁၀) နာရီက ပြုလုပ်သည့် ( ၇၂) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

    “အားလုံးပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန် ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးပူး ပေါင်းမဟာမိတ်လှုပ်ရှားမှုတွေကို လက်တွေ့ကျကျလုပ်ကြရမယ်လို့တိုက်တွန်းချင်ပါတယ်။  ကျွန်တော့်အနေနဲ့ အထူးဂရုပြုပြီး ထပ်မံပြောကြားလိုတာကတော့ မဟာမိတ်ဆက်ဆံရေးအပေါ်ဘယ်လို ချည်းကပ်သင့်သလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးအတွင်းက စစ်ရေးမဟာမိတ်တပ်ပေါင်းစုကို တည်ဆောက်တဲ့နေရာမှာ မဟာမိတ်ဆက်ဆံရေးအမြင်ကို တတ်နိုင်သမျှ အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးနဲ့ အမြော် အမြင်ရှိရှိ ကြည့်မြင်ဖို့လိုပါတယ်။ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့ နေရာမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်းကပ်လုပ်ဆောင်ဖို့ မသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေးအစွဲတွေကို ကျော်နိုင်ဖို့လိုပါလိမ့်မယ်။ မဟာ မိတ်ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

    (more…)