27
May
RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ကာမိုင်းမှ ထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အထိနာပြီး လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည့်အတွက် လုံးခင်းကျေးရွာအုပ်စုအတွင်းမှ လယ်ပြင်ကျေးရွာ၊ ဖန်းခါးဆောင်နှင့် ငြိမ်းချမ်းသာယာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင်ထားကြရန်နှင့်အသင့်အနေအထားပြင်ထားသင့်သည်ဟု KIA/KPDF နှင့် နီးစပ်သူများထံမှ သိရသည်။ အင်အား ၆၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းကြောင်းအတိုင်း စစ်ကြောင်းတက်လာစဉ် လမ်းတွင် တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ ဝန်းကျင်သာ ဖားကန့် လုံးခင်းယမ်းချက်စက်ရုံကို ရောက်ရှိလာပြီဖြစ်သည်။ (more…)