Tag: စစ်ခွေးနိဂုံး 2023

  • လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ

    လေသံပြောင်းလို့ ဦးကျိုးလာတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ

    “ဒီမိုကရေစီနှင့်ရွေးကောက်ပွဲကို အကြောင်းပြ စစ်တပ်အသုံးချခံပါတီများအဖြစ် သို့မဟုတ် စစ်တပ်လက်ဝေခံ ပါတီများအဖြစ်သာ ရပ်တည်ကြပြီး ပြည်သူထောင်ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီနှင့် လက်ဆွဲနှုတ်ဆက် စစ်ကျွန်ဘဝကို ရွေးချယ်ခဲ့ကြသူများသာဖြစ်သည်”

    မေဇော်

    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ၊ ၂၂ ရက်နေ့က ပဲခူးတိုင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကျင်းပပြီးပါက ရွေးကောက်ခံ အစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အာမခံချက်ပေးသည့် စကားပြောကြားခဲ့သည့်အပြင် တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူမဆို လက်တွဲဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကောင်းမွန်လိုစိတ်ဖြင့်သာ လုပ်ဆောင်နေသဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း မင်းအောင်လှိုင်က ပြောကြားခဲ့သေး၏။

    အမှန်စင်စစ်မှာမူ စစ်ကောင်စီတပ်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် လူထု ဆုံးဖြတ်ထားသော မဲရလဒ်ကို လက်ခံနိုင်စွမ်းမရှိဘဲ စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ထပ်မံကျင်းပခြင်းသည် ၎င်းတို့အပေါ်  နိုင်ငံတကာဖိအားများလျော့ကျရန် အတွက်သာဖြစ်ပြီး ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုမှာ အနှုတ်ပြနေ၏။ စစ်ခေါင်းဆောင်များသည် ယခုနှစ် ဇန်နဝါရီလက စတင်ကာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို အသစ်ပြဌာန်းခဲ့သည်။ ထို့နောက် ရက် (၆၀) အတွင်း ရွေးကောက်ပွဲကော်မရှင် UEC သို့ပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးချယ်ခံရန်ပါတီများကိုစည်းရုံးခဲ့သည်။

    အဆိုပါ ရက် (၆၀) တာ ကာလအတွင်း နိုင်ငံရေးပါတီ (၆၃) ခုက မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး UEC ၏ မေလ (၁၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ ခွင့်ပြုချက်ရရှိသည့် နိုင်ငံရေးပါတီ ၁၆ ခု ရှိပြီဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲသို့ ဝင်ရောက်လျှောက်ထားခြင်းမရှိသည့် NLD နှင့် SNLD အပါအဝင် နိုင်ငံရေးပါတီ (၄၀) ကျော်ကိုမူပါတီအဖြစ်မှဖျက်သိမ်းကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့သည်။

    (more…)

  • ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

    ကမ္ဘာကျော် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု

    စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး လှုပ်ရှားမှု (၂) နှစ်ပြည့်ပြီ

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၃ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းပြီးနောက် နောက်တရက်နေ့တွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း သံပုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    ယနေ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ္ဘာကျော် သံပုံတီး လှုပ်ရှားမှု (၂)နှစ်ပြည့်နေ့ဖြစ်သည်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ပါအဝင် မြို့နယ်တချို့ကို စစ်အာဏာသိမ်းမှုကိုလက်မခံသည့် သံပုံးတီး လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ည (၇) နာရီဝန်းကျင်တွင် ပြုလုပ်ခဲ့ကြသည်။

    (more…)

  • ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

    RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။

    စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=eoTiKEr_pf0[/embedyt]

    အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း “တသံတည်းညီ တချီတည်းရုန်း” ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) သပိတ်ပြုလုပ်ကြပြီး တိတ်ဆိတ်မှုဖြင့် စစ်အာဏာရှင်ကို လက်မခံကြောင်းနှင့် အတုအယောင်ရွေးကောက်ပွဲ လက်မခံကြရန်၊ တော်လှန်ရေး အရှိန်မြှင့်တင်ကြရန် လူထုက ကြွေးကြော်ကာ နှိုးဆော်ခဲ့သည်။

    #RedNewsAgency

  • မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?

    မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? ​NUG ကိုလာပြောချင်လဲ ?

    စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]

    စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။

    (more…)

  • ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။

    မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။

    (more…)

  • ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

    ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရ

    RNA_ဖားကန့်၊ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြုစုနေသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့နှင့် လဝကရုံးများရှိရာ ဖားကန့်မြို့ စုပေါင်းရုံးအား တော်လှန်ရေးအင်အားစုများက ယနေ့ညနေ (၅) နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့ ညနေ ဖားကန့် စုပေါင်းရုံး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလော အတည် ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက လူထုလက်မခံသည့် ရွေးကောက်ပွဲကို ပြုလုပ်ရန် ဖားကန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ‌နှင့် လူဦးရေစာရင်း ကောက်ယူနေကြောင်း သိရသည်။

    (more…)

  • “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများဖြင့် ကလေးလူကြီးအကုန် ဆန္ဒပြ

    RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”၊ “ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စသဖြင့် ကလေး လူကြီးအကုန် လမ်းပေါ်ထွက်ကာ ယနေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း တနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=EHcztxJjqIg[/embedyt]

    #RedNewsAgency

  • စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

    စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

    “စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ”

    RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=cxm5MZSeOEQ[/embedyt]

    မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။

    စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။

    Red News Agency

  • ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

    RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
     
    ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။

    (more…)

  • နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ပြီးမှာလား

    RNA_ဇန်နဝါရီ (၆)၊၂၀၂၃ ခုနှစ်။
    စစ်အာဏာရှင်ဆန့်ကျင်ရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်နှင့်လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်မှုအပါအဝင် နည်းမျိုးစုံဖြင့် တော်လှန်နေကြသည့်အချိန် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကြီး ပြီးမလား မပြီးဘူးလားဆိုတာကို ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး – Social Democratic United Front မှ ကိုကျော်ကျော်ကိုက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=ZX44_97PxGQ[/embedyt]