Red News

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF - Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင်…
Read More
ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

ဒေါနစစ်ကြောင်း သင်တန်းဆင်းပွဲ ​NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက်နှင့် အလှူငွေ (၁၀) သိန်းပေးအပ်

RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ ယနေ့ကျင်းပသည့် မွမ်းမံသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ပြီး လက်နက်များနှင့် အလှူငွေ (၁၀) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ

“စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။ မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။ Red…
Read More
ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။   စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။   လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။ (more…)
Read More