ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။

ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကိုဝေယံဖြိုး၏ ရုပ်အလောင်းကို စစ်ကောင်စီလက် အောက်ခံများက မိသားစုကို ပြန်မပေးသည့် အတွက် သင်္ဂြိုလ်ခွင့်မရခဲ့သော်လည်း မိသားစု၏ ယုံကြည်မှုအရ နေအိမ်မှာ ရက်လည်ဆွမ်းသွတ် ကုသိုလ်ပြု အမျှပေးဝေမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပုသိမ်အကျဉ်းထောင်တွင် ရိုက်နှက် ဖြိုခွင်း ပစ်ခတ်ခံရမှုအတွင်း ကိုဝေယံဖြိုး သေဆုံးခဲ့သည်ဟု မိသားစုကို အကြောင်းကြား ခနတာ အလောင်းပြခဲ့သော် လည်း သေဆုံးခဲ့သည်ဟု သတင်းထွက်နေသည့် ကိုဝင်းမင်းထက် (ခ) ကိုမဲကြီးနှင့် ပတ်သက်ပြီး စစ်ကောင်စီလက် ပါးစေများက အသိပေးပြောကြားထားခြင်း မရှိသေးကြောင်း၊ ဆန္ဒပြတောင်းဆိုစဉ် ရိုက်နှက် နှိပ်စက်ခံရသည့်အတွက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူများ ရှိခဲ့သည်။

#RedNewsAgency

By Editor