17
Feb
RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဘေးကင်းရာနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။ " မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် မိုးဗြဲမြို့ကို ဆက်လက်ကာကွယ်ပြီး အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်နှိမ်နင်းဦးမည်ဖြစ်သောကြောင့် မိဘပြည်သူများ ဘေးကင်းရာတွင်သာ နေထိုင်ကြရန်၊ မြို့တွင်းသို့ မေးမြန်းစုံစမ်းခြင်းမပြုပဲ မဝင်ပါရန် အထူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်" ဟု ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော် PDF က ထုတ်ပြန်ထားသည်။ (more…)