ဆောင်းပါး

နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

နေပြည်တော်မကျအောင် ဂရုစိုက်နေရတဲ့ စစ်ကောင်စီ ရန်ကုန်ကို လက်လွှတ်ရတော့မလား 

"မြို့သိမ်းတိုက်ပွဲတွေအတွက် တော်လှန်ရေးဘက်က ပြင်ဆင်နေသလို၊ စစ်ကောင်စီတပ်ကလည်း ရှိတဲ့အင်အားနဲ့ ခုခံဖို့ ပြင်နေတာတွေ့ရတယ်။ တောင်ငူမြို့တဖက်ကမ်းက စစ်တောင်းမြစ် တဘက်ခြမ်းမှ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုကလည်း ပိုမိုမြင့်တက်လာခဲ့တယ်" နောင်ရိုး ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ရန်ကုန်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင် အဓိက လမ်းတွေဖြစ်တဲ့ ပဲခူးတိုင်းထဲက တော်လှန်ရေး အခြေအနေကို သိရှိထားဖို့လိုပါတယ်။ ပဲခူးတိုင်းအတွင်းမှာဆိုရင် NUG -MOD ရဲ့ လက်အောက်ခံ ပဲခူးတိုင်း‌စစ်ဒေသခွဲအဖြစ်သီးသန့် ဖွဲ့စည်းထားပြီး၊ သူ့အောက်မှာ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်နဲ့ ပဲခူးခရိုင်ဆိုပြီး ခရိုင် ၄ ခုဖွဲ့စည်းထာခဲ့ပါတယ်။ တောင်ငူခရိုင်မှာ PDF ၃၅၀၁၊ ၃၅၀၂ တပ်ရင်း ၂ ရင်း၊ ပြည်ခရိုင်မှာ PDF တပ်ရင်း ၃၆၀၁၊ ၃၆၀၂…
Read More
မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ် ကျော်ရဲစံ မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က…
Read More
စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

"ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်" ငြိမ်းမောင် ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။ အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ…
Read More
ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

ပခုက္ကူဦးအုန်းဖေပြောသည့် “လှေခွက်ချည်းကျန် အလံမလှဲ”

စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်" ငတွန် "လှေခွက်ချည်းကျန် အလံမလှဲ" အားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး  လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။ သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍ "လှေခွက်ချည်းကျန် အလံမလှဲ" ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု…
Read More
နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

နေပြည်တော်ကျဆုံးခန်း နိမိတ်ပုံရိပ်

"မင်းအောင်လှိုင်တပ်တွေ ကချင်ပြည်နယ်ထဲ လမ်းပျောက်ကုန်တယ်ထင်ပါရဲ့။ ကြားထဲ AA တပ်သားတွေကပါ စစ်ကောင်စီတပ်လမ်းပျောက်အောင် ကချင်ပြည်နယ်မှာ ကူညီပေးနေကြ" ငတွန် ဒီရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လုပ်နေတဲ့ပုံစံတွေကိုတွေ့တော့ ဖတ်ခဲ့ဖူးတဲ့စာတချို့ထဲက အဖြစ်အပျက်တွေနဲ့ ထပ်တူကျနေပါလားလို့တောင် တွေးမိတယ်။ အကျဉ်းချုပ်ပြောပြရရင် ၁၇၅၀ ခုနှစ်ကာလတွေတုန်းက အင်းဝနန်းဆက်ပျက်သုဉ်းပြီး ဟံသာဝတီထီးနန်း ပြန်ခေါင်းထောင်လာချိန် မုဆိုးဖိုဦးအောင်ဇေယျဆိုတဲ့ နာမည်ဟာလည်း တဖြည်းဖြည်းထင်ရှားလာတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ မုဆိုးဖိုဦးအောင်ဇေယျဟာ ဟံသာဝတီကသိမ်းထားတဲ့ အင်းဝကိုပြန်သိမ်းပြီး ဟံသာဝတီဘုရင်နန်းစိုက်တဲ့ မြို့တော်အထိကိုပါ စစ်ချီပါလေရော။ ပြောရရင် ဦးအောင်ဇေယျရဲ့ မုဆိုးဖိုတပ်တွေက အဖက်ဖက်မှာ အနိုင်ရပြီး ဟံသာဝတီမြို့တော်နားထိရောက်လာတယ်။ အဲဒီမှာ ဟံသာဝတီဘက်က အတွေ့အကြုံရင့်တဲ့ တလပန်းဆိုတဲ့ စစ်သူကြီးဟာ သူ့တို့တပ်တွေ နေရာစုံမှာရှုံးနေပေမဲ့ ဦးအောင်ဇေယျ ယာယီစခန်းချနေတဲ့မြို့ကို ဇွတ်တိုးတိုက်ဖို့…
Read More
အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

အမေစုကို စစ်ကောင်စီက နိုင်ငံရေးမှာ အသုံးချလာနိုင်သည်ဟု ဗိုလ်နဂါးပြော 

RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများကြောင့် လူထုအသဲနှလုံးဖြစ်သည့် အမေစုကို စစ်ကောင်စီကထုတ်သုံးလာနိုင်သည်ဟု ဗိုလ်နဂါးက ယနေ့ညတွင်၎င်း၏ Facebook Live တွင် ထည့်သွင်း ပြောကြားသွားသည်။ " ကျွန်တော်တို့နိုင်ငံရဲ့အသဲနှလုံး Key Player လိုလဲ ဖြစ်နေတဲ့ အမေစုကို ကိုင်ထားပြီးတော့ လိုအပ်ရင် လိုအပ်တဲ့အခါမှာ ကစားကွက်တွေ ဖန်တီးဖို့ လုပ်တာမျိုးတွေ။ ကျွန်တော်တို့ ပြည်သူတွေ ရှေ့မှာကြုံလာရနိုင်မဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ကွက်တွေပေါ့နော့ ဆိုးဆိုးရွားရွား ရှိလာနိုင်တယ် ဒီရှစ်လပိုင်းအကုန် ကိုးလပိုင်းပေါ့" ဟု စသဖြင့် ဗိုလ်နဂါးက ပြောကြားထားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ယခုရက်ပိုင်း သတင်းမျိုးစုံထွက်ရှိနေရာတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံးဆွေးနွေးခဲ့သည်ဟုပါ…
Read More
ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

" နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ"  နောင်ရိုး အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့…
Read More
အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

"အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်" နောင်ရိုး အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။ စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ…
Read More
KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။ #RedNewsAgency
Read More
ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

"ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ" ကျော်ရဲစံ မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။ ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။…
Read More