ပြည်သူ

KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

"ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်" မောင်ဝိ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ…
Read More
နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။ ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။ (more…)
Read More
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည် လင်းယုန် ၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့်…
Read More
ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More
ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် - ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် - ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် - ၂၀)…
Read More
(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army - PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ‌ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း…
Read More
ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။ စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။ #RedNewsAgency
Read More
လောင်မြိုက်ခံ ဘဝများ

လောင်မြိုက်ခံ ဘဝများ

" အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်" ဘဇော် ရေးသားသည်။ နွေဦးတော်လှန်ရေးမှာ အညာသူ အညာသား တွေအကြောင်း စာဖွဲ့မကုန်နိုင်အောင် ရှိလှပါတယ်။ စစ်ကောင်စီတပ်ကို အသေခံတိုက်တဲ့ တိုက်ပွဲတွေ၊ နားကပ်တွေချွတ်လှူကြတာတွေ၊ အညာသူရိုးရိုးကြီးတွေရဲ့ တော်လှန်လိုစိတ်၊ အညာသား ရိုးရိုးကြီးတွေရဲ့ စစ်ကျွန်မခံလိုစိတ်တွေဟာ ကမ္ဘာတစ်ခြမ်းအထိ ဟိုးဟိုးလေးတကြော်ကြော် ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ အညာမြေတခွင်က စစ်တလင်းတွေအကြောင်းလည်း အများအသိဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြချင်တာက အညာမြေတစ်ခွင်က အွန်လိုင်းပေါ်မှာ မတက်လာတဲ့ လောင်မြိုက်ခံ ဘဝများအကြောင်းပဲဖြစ်ပါတယ်။ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောတောင်ရေမြေ…
Read More
ပြည်သူကို အားနာတယ်

ပြည်သူကို အားနာတယ်

"အညာသူမကြီးက နှစ်ပေါင်းများစွာ စာရင်းငှားလုပ်ပြီး ခြစ်ခြုတ် စုထားတဲ့ နားက နားကပ်လေးကို ချွတ်လှူပြီး နားပေါက်ဟောင်းလောင်းနဲ့လည်း လှကြောင်း သက်သေပြနေတယ်" ချစ်ဝင်းမောင် ကျနော့်ကို အကိုတစ်ဦးက ပြောဖူးတယ်။ "မောင်ချစ်‌ရေ...အားနာတတ်တာက မကောင်းဘူး။ ဒါပေမဲ့ ကောင်းတယ်တဲ့" ။ ကျနော်က ရှုပ်သွားတယ် အကို။ နည်းနည်း အလင်းပြပါဦးဆိုတော့ အကိုက ဒီလို ဆက်ရှင်းပြတယ်။ "အားနာတတ်တော့ အခြားသူတွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြောဖို့၊ တောင်းဖို့၊ ရယူဖို့ တွန့်ဆုတ်တတ်တာမို့ အဆင်မပြေဖြစ်တတ်တယ်။ ဒဲ့ပြောရရင် ငတ် တတ်တယ်ကွ။ ဒါပေသိ တစ်ဖက်က ကြည့်ပြန်တော့ အခွင့်အရေးကို မမျှော်ဘဲ အလုပ် လုပ်တတ်တဲ့၊ အကျိုးမျှော်လို့…
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ Red News Agency
Read More