19
Oct
"ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်" ငြိမ်းမောင် e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း…