ဆောင်းပါး

စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

RNA_ဇူလိုင်(၁၈)၊၂၀၂၃ ခုနှစ်။  စစ်ကောင်စီတပ်မှာ ယခုတပတ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကိစ္စများအပါအဝင် တပ်တွင်းအခြေအနေများကို CDM ဗိုလ်ကြီးထက်မြတ်က ပြောကြားထားသည်။  Red News Agency
Read More
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဘယ်တော့ရပ်မလဲ

လက်ရှိမြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင် သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျှက်ရှိပါသည်။ စစ်ကောင်စီ၏ လူထုအပေါ် ဖမ်းဆီးညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုကျူးလွန် နေခြင်းများကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းပစ်မှသာလျှင် အေးချမ်းသွားမည် ဖြစ်ပါသည် လင်းယုန် ၁၉၄၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် (၃) တွင်လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။ အပိုဒ်(၅) တွင် သူကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့တည်းမဟုတ်) ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ (သို့မဟုတ်)အပြစ်ဒဏ်ပေးခြင်းမပြုရ။ အပိုဒ်(၂၁)တွင် လူတိုင်းတွင်မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်လွတ်လပ်စွာရွေးချယ်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ “ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်အာဏာ၏ အခြေခံဖြစ်ရမည်” ဟု ဖော်ပြထားပါသည်။ လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်းပိုင်ဆိုင်သည့်ရပိုင်ခွင့်ဖြစ်သည်။ လူ့အခွင့်…
Read More
ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

ရွေးချယ်မှု မှားယွင်းခဲ့သည့် ပျူစောထီးများ

"ကျူးဘားနိုင်ငံ တော်လှန်ရေးတွင်လည်း ပျူစောထီးကဲ့သို့ သတင်းပေးဒလန်များကို ခရီးလမ်းတလျှောက် အရေးယူ ရှင်းလင်းပြီးမှသာ ပြည်သူ့ရဲဘော်များက နယ်မြေစိုးမိုးမှု အပြည့်အဝ ရယူနိုင်ခဲ့" မေဇော် စစ်ကိုင်းတိုင်းသည် ဒေသခံလူထု၏ လက်နက်ကိုင်တော်လှန်ရေး အင်အားကောင်းရာ နယ်မြေဖြစ်သဖြင့် စစ်ကောင်စီတပ်၏ အထူးမျက်စိကျရာဒေသဖြစ်သည်။နေ့စဉ်နီးပါး ဆိုသလိုပင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် နေထိုင်သူ ပြည်သူများမှာ အသက်လုကာ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသည်။ ယခင်ကဆိုလျှင် တရွာပြေးလျှင် နောက်တရွာက ကူညီ ခေါ်ယူကျွေးမွေးထားနိုင်သည့် အခြေအနေ၊ သို့သော် ယခုအခါ ရွာအားလုံးနီးပါး စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များ လက်ချက်ကြောင့် ပြာပုံနီးနီး ဖြစ်ခဲ့ရပြီ ။ ယခုအခါလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းမှ ချမ်းသာကြီးနှင့် မြကန်ကျေးရွာ အနီးတဝိုက်…
Read More
စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

စစ်ရေး သတင်းအချက်အလက်နှင့် တိုက်ပွဲအောင်မြင်မှု

သတင်းလုံခြုံမှုသည် အင်မတန်အရေးကြီးပါသည်။ ရှေ့တန်း စစ်မြေမျက်နှာတွင် အသက်ပေးပြီး တိုက်ပွဲဝင်နေသူ ပြည်သူ့သူရဲကောင်းများအနေဖြင့် နှုတ်လုံမှု၊ သတင်းလုံခြုံမှု၊ စာရွက်စာတမ်းလုံခြုံမှု၊ မိမိတို့အသုံးပြုနေသည့်ဖုန်းများ၊ လူမှုကွန်ယက်စာမျက်နှာများလုံးခြုံမှု လင်းယုန် အခုရက်ပိုင်းအတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြားမှာ တစ်နေ့တစ်ခြား ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့မြင်နေရပါသည်။ စစ်ကောင်စီတပ်သားအများအပြား ငရဲပို့နိုင်သလို မိမိတို့ပြည်သူ့တော်လှန်ရေးစစ်သည် ရဲဘော်များ၏အသက်ပေါင်းများစွာလည်း ရင်းနှီးပေးဆပ်နေရခြင်းကြောင့် လွန်စွာစိတ် မကောင်းသည့်အပြင် ခံပြင်းဒေါသ ဖြစ်မိသည်။ ပြည်တွင်းစစ်ပွဲကို နှစ်ပေါင်း ၇၀ နီးပါး ဖန်တီးပြီး မတရားမှုပေါင်းစုံကျူးလွန်လာခဲ့ သည့်အကြမ်းဖက်စစ်တပ်သည် မိမိတို့ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ သတင်းအချက် အလက်များနှင့်လုံခြုံမှုများကိုမျက်ခြေမပျက်စောင့်ကြည့်လေ့လာနေပြီး လက်ဦးမှုရယူရန် အချိန်တိုင်းကြိုးစားလျှက်ရှိနေသည်ကို များစွာသတိထားရန်လိုအပ်ပါသည်။ တိုက်ပွဲတစ်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးဆုံးအချက်မှာ သတင်းလုံခြုံမှုနှင့်မိမိဘက်မှလက်ဦး မှုရယူနိုင်ရေးသည် အလွန်အရေးကြီးပါသည်။ သတင်းလုံခြုံမှုဆိုရာတွင် ရန်သူ့သတင်း၊ မိမိသတင်းနှစ်မျိုးလုံးကိုဆိုလိုပါသည်။ ဇွန်လ…
Read More
အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။ Red News Agency
Read More
ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်နှင့် ချီတက်နေသည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

"ဘယ်သောအခါမှ ဒူးထောက်အရှုံးပေးမည်မဟုတ်ပါ။ ရဲရဲတောက် တော်လှန်ရေး သူရဲကောင်းများ၏ပေးဆပ်မှုတွေ၊ သူတို့သွေးနဲ့ရေးခဲ့သည့် သမိုင်းမှတ်တမ်း မော်ကွန်းတွေကို ဆက်လက်ထိန်းသိမ်းတိုက်ပွဲဝင်နေကြဦးမည်" လင်းယုန် ဒီကနေ့ကျရောက်သည့် ဇွန်လ ၂၆ ရက်နေ့ဟာ မြန်မာနိုင်ငံစစ်အာဏာရှင်သမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခြင်းခံရသည့် ချင်းအမျိုးသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကျဆုံးခြင်း(၄၇)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ သမိုင်းအဆက်ဆက် အမှန်တရားများကို ဖုံးကွယ်ရန် အစဉ်တစိုက်ကြိုးပမ်းနေသည့် စစ်မိစ္ဆာများ၏ ယုတ်မာစိုင်းရိုင်းမှုများကြောင့် ချင်းအမျိုးသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး၏ ပေးဆပ်မှုကိုလည်း တလျှောက်လုံး ဖုံးကွယ်ခဲ့ကြသည်။ သေမယ်ထင်လို့ ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်များ ကြိုးပေးကွပ်မျက် သတ်ဖြတ်ခဲ့လည်း အရှိုသမိုင်း ချင်းသမိုင်းမှာ ဘယ်တော့အခါမှ သေမသွားခဲ့ပါ။ မြန်မာ့နိုင်ငံရေး စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာလည်း ဘယ်တော့မှ မေ့​ပျော်လို့ရမည်မဟုတ်ပါ။ ငါတို့ရင်ထဲထာဝရရှင်သန်နေမယ်ဆိုတာ စစ်အာဏာရူးများမှတ်ထား စေချင်ပါသည်။ စစ်အာဏာရှင်စနစ်ကို…
Read More
လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

လေသေနတ်တဲ့လား ဗိုလ်မှူးဟောင်း ရဲခိုင်ကို နမူနာကြည့်ထားကြ

လုပ်ပိုင်ခွင့်အများကြီးရှိတဲ့ လေဆိပ်လုံခြုံရေး အရာရှိချုပ် စစ်တပ်ထောက်တိုင်အကြီးစားကို ရှင်းလင်းနိုင်ခဲ့တာ မြို့ပြ UG တွေရဲ့ အဆင့်ပိုမြင့်လာတယ်လို့ဆိုရမယ်။ အာဏာသိမ်းပြီးခါစအချိန်မှာ အုပ်ကြီးတွေဒလန်တွေ စတာတွေကိုပစ်မှတ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်းဆိုရင် စစ်တပ်ရဲ့အကြီးပိုင်းတွေ အလှည့်ရောက်လာပြီ နောင်ရိုး ရန်ကုန်လေဆိပ်ရဲ့ လုံခြုံရေး အရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို Urban Owls မြို့ပြပြောက်ကြား အဖွဲ့က ရှင်းလင်းခဲ့တယ်လို့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရဲခိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ဆင်းလေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်လို့သူနဲ့အပတ်စဉ်တူတွေကတော့ဒုတိယဗိုလ်မှူးကြီးတွေ၊ဗိုလ်မှူးကြီးတွေဖြစ်နေကြပါပြီ။ လေတပ်ကနေ ပင်စင်ယူတဲ့အချိန်မှာ အကြောင်းတခုခုကြောင့် အရပ်ဘက်ကို အသွင်ပြောင်းတဲ့အခါ ရာထူးအဆင့်အတန်းအလိုက် အရပ်ဘက်လေဆိပ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ နေရာရတတ်ကြတယ်။ တပ်မှာတာဝန်ထမ်းစဉ်က သာဓကအနေနဲ့ လေယာဉ် Airframe ဌာနက အရာရှိတယောက်…
Read More
တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့ကြသည့် စစ်ကောင်စီတပ်အတွင်းမှ CDM တပ်ကြပ်ကြီးများက တပ်တွင်းအခြေအနေများနှင့် အတွေ့အကြုံများကို " ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ်တွင် ပြောကြားထားကြသည်။ #RedNewsAgency
Read More
ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ

ကရင်နီအိပ်မက်နှင့် အာဏာရှင်တို့၏ လားရာ

"ကရင်နီ အိပ်မက် အကောက်အထည်ပေါ်လာခြင်းသည် မင်းအောင်လှိုင်သာမက စစ်အာဏာရှင်အဆက်ဆက်နှင့် လူမျိုးကြီးဝါဒ၊ တစ်ပါတီအာဏာရှင်စနစ်တို့ကို ရင်ဝ ဓါးသွားစိုက်သလို အထိနာခံစားကြရ" မေဇော် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံး မြန်မာနိုင်ငံ၏ အရေးများကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်အခြေအနေဟုသာ မှားယွင်းရှုမြင်တက်ကြသည်။ စစ်ပွဲဟူသည် သွေးချောင်းစီးစေသော၊ နှစ်ဖက်အပြန်အလှန် လက်စားချေကြသော ကိစ္စရပ်များဟု ပညာရှင်များ၊ ညှိနှိုင်းရေးသမားများက သုံးသပ်ကြသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း သိသိသာသာ တဖုံ၊ မသိမသာတမျိုး တိုက်တွန်းကြမည် တိုက်တွန်းနေမှုများလည်းရှိသည်။ သို့သော် ဒီမြေ၊ ဒီရေတွင် ရှင်သန်ခဲ့သူများအနေဖြင့် ယခုပြည်တွင်းစစ်သည် လွတ်မြောက်မှုနှင့် အနီးကပ်ဆုံးဖြစ်ကြောင်း ကောင်းမွန်စွာ သိနားလည်ကြသည်။ စစ်မီးများ တောက်လောင်နေခြင်းကို မည်သူမှ မနှစ်သက်ကြ။ လက်နက်ကြီးသံများဖြင့် နေ့စဉ်ဘဝကိုလည်း…
Read More
နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

နွေဦးသူရဲကောင်းများ ထွန်းကားရာ အညာလွင်ပြင်

အညာတော်လှန်ရေးစစ်သည်တွေဟာ နယ်မြေအနေအထားနဲ့ လက်နက်အင်အား စစ်ကောင်စီ လောက်အားမကောင်းပေမယ့် အလယ်ပိုင်းလွင်ပြင်မှာ အာဏာရူး မင်းအောင်လှိုင်တို့အုပ်စုကို တစ်ပြုတ်ပြုတ် အမှည့်ချွေနိုင်အောင် လှုပ်ရှားနိုင်သည့် ရဲရင့်သော စစ်သည်တော်တွေ ဖြစ်လာကြပါသည်။ ဒီတစ်ခေါက် အညာမြေ၏ တော်လှန်ရေးကတော့ သီပေါမင်းပါတော်မူချိန် အုံးကြွမူတွေလို မင်းလောင်းထမှုသက်သက် မဟုတ်ဘဲ စစ်အာဏာသိမ်းမှုဆန့်ကျင်တာကို ဖြိုခွင်းပုံကြမ်းတမ်းရာမှ အညာလူငယ်များခံပြင်းဒေါသစိတ် ကြောင့် ထကြွလာတာဖြစ်ပါတယ်။ သူတို့ဆုံးရှုံးပေးဆပ်လိုက်ရသည့် သွေးကြွေးတွေကို ပြန်လည်ရယူရန်၊ အဖိနှိပ်ခံ စစ်ကျွန်ဘဝမှလွတ်မြောက်ရန် ရုန်းထလာခြင်းဖြစ်ပါသည်။ လင်းယုန် အညာမြေ၏ ရာသီဥတုသည် ပူလောင်အိုက်စက်လွန်းပါသည်။ မိုးရာသီတွင်း၌ပင် မိုးကား တော်ရုံနှင့်မရွာ။ အညာ၏အပူကိုမိုးက မအံတုနိုင်ရှာ။ အညာဒေသသည် သစ်ရိပ် ဝါးရိပ်ရှားပါးပြီး အများအားဖြင့် ထန်းပင်၊ ထနောင်းပင်များ၊ တမာပင်များသာ ပေါက် ရောက်တတ်သည့်…
Read More