20
May
ယနေ့ခေတ်တော့ ကောလာဟလကို ပါးစပ်ဖြင့်သာမက လက်ကပါ တောက်တောက်တက်တက်လုပ်၍ ပြောဆိုဖြန့်ဝေလာနိုင်သည်။ဖုန်းဘေလ်တစ်ထောင် ရှိလျှင် အတော်များများဖြန့်ဝေလာနိုင်၏။ကောလာဟလက လူကို အတော်ဒုက္ခပေးပါသည်။တမာရွက်ကျိုသောက်လျှင် ကိုဗစ်-၁၉ ကာကွယ်သည် ဆိုသောကောလာဟလကြောင့် ကျွန်တော့်မိတ်ဆွေ လင်မယား ဒုက္ခရောက်သွားကြရ၏ အောင်မှူးဝေ မိုက်ကယ်နှင့်တုံးတုံးတို့ လင်မယား ခေါင်းတုံး တုံးလိုက်ကြ၏။ ကိုဗစ်-၁၉ကို ကာကွယ်ကြဟန် တူသည်။သူတို့မျက်နှာကလေးတွေက နုနုငယ်ငယ်။ခေါင်းတုံးနှင့်လည်း လှကြ၏။တချို့ကျတော့ မျက်နှာရင့်ထော်နေရသည့်အထဲ ခေါင်းတုံး တုံးထားလိုက်လျှင် ကြောက်စရာကြီး ဖြစ် သွားတတ် သည်။ကျွန်တော့်သူငယ်ချင်း လွတ်လပ်မိုးနှင့်ကေဇော်မိုးတို့ဆိုလျှင် ခေါင်းတုံးနှင့်မလိုက်ပေ။နဂိုက ကျက်သရေတုံးရသည့်အထဲ ခေါင်းတုံးတုံးလိုက်တော့ လူညွန့်ပါတုံးသွားသယောင် ထင်ရ၏။ ကဗျာဆရာ(ကို)သစ်ငြိမ်းလည်း ခေါင်းတုံးနှင့်မလိုက်ပါ။သင်္ကန်းဝါဝါကြီးဝတ်ထားလျှင်ပိုဆိုးသည်။ဝါတော်တစ်ထောင်ရ မဟာဓားပြကထိကကြီးနှင့်သာ တူတော့၏။သင်္ကန်းအညိုကလေးနှင့် ဆိုလျှင်တော့ မဆိုးလှပေ။သူ့ကိုကြည့်ပြီး တစ်ခုတော့သိသွားသည်။ရုပ်ဆိုးတဲ့လူများ ဘာဝတ်ဝတ် မလှဘူးဆိုသော အသိပင်ဖြစ်၏။(တွယ်ရမှာပဲ ငါ့ညီလေးရယ်လို့…