Tag: မကွေးတိုင်းဒေသကြီး

  • စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    “အစ္စရေးနဲ့ ဂါဇာအရေးကိုကြည့်ရင်သိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း PDF တွေ အကျဆုံးများရင် မေးကြတဲ့ မေးခွန်းက သတင်းကြိုမရဘူးလား ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သတင်းတော့ကြိုရတယ် ရှောင်ချိန်မရလိုက်တာမျိုးတွေ ဆိုတာကြားရတာ ဒုနဲ့ဒေးပါပဲ”

    ကျော်ရဲစံ 

    စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဖိအားပေးလာတာဟာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင် အပါအဝင်နေရာတော်တော်များများကို စစ်ကြောင်းထိုးနေပါတယ်။ ဒီကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိခိုက်အကျဆုံးတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

    စစ်ကိုင်းတိုင်း မြင်းမူမှာ PDF ရဲဘော်တွေ နှစ်ဆယ်ကျော်ကျဆုံးမှုနဲ့အတူ မကွေးတိုင်း ပခုက္ကူဘက်မှာလည်း စခန်းစီးနင်းခံရတာတွေ ခေါင်းဆောင်ပိုင်းလုပ်ကြံခံရတာတွေဖြစ်ပေါ်လာပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဖြစ်နေပေမဲ့ ရုန်းမထွက်နိုင်သူတချို့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖရဲသီးအဖြစ်ရှိနေကြပါတယ်။ 

    ဖရဲသီးတွေထံက စစ်ကြောင်းသတင်းတွေ၊ တပ်တည်တပ်လှုပ်တွေနဲ့ အထိခိုက်စာရင်းတွေ ကိုကာကွယ်ရေးအဖွဲ့တွေကရနေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ လျို့ဝှက်ဆိုတာတွေဟာ အမြဲပေါက်ကြားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထံက အရေးကြီးအချက်လက်တွေကို လုံလောက်အောင်သတင်းပြုစုနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် စစ်ဖက်အရပ်ဖက်ထောက်လှမ်း ရေးတွေ စိမ့်ဝင်နေတဲ့ ကိစ္စမျိုးတွေပါ။ 

    (more…)

  • မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

    မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

    RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃ ) လက်နှင့် ကျည် ( ၂၀၀)၊ ခြောက်လုံးပျူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊ လက်တော့ ( ၂ )လုံးပရင့်တာ ( ၁ )လုံး၊ ဆိုင်ကယ် ( ၄ )စီး နှင့် တခြားစစ်ဘက်အသုံးဆောင်များ သိမ်းဆည်းရခဲ့မိသည်ဟု ရေစကြို PDF ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် စစ်ကြောင်းကို PDF များတိုက်ခိုက်ပါက ရွာသားများကို မီးရှို့သတ်မည်ဟုပြော

    စစ်ကောင်စီတပ် စစ်ကြောင်းကို PDF များတိုက်ခိုက်ပါက ရွာသားများကို မီးရှို့သတ်မည်ဟုပြော

    RNA_ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားပြီး PDF များ မိုင်းခွဲတိုက်ခိုက်ခြင်းအပါအဝင် တိုက်ခိုပ်မှုများ ပြုလုပ်ပါက ကျေးရွာသူ/သားများကို မီးရှို့သတ်မည်ဟု ‌နယ်မြေအတွင်း ပြည်သူများအားလုံးသိရှိအောင် သတင်းစကားပါးထားကြောင်း သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။ ” ဒီနေ့ထိ စစ်တပ်က ရွာထဲမှာ တချို့ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းလိုနေရာမျိုးတွေမှာ စုထားတယ်၊ ပြေးတဲ့သူတွေလဲ ပြေးကုန်ပြီ အခုက ရွာကိုဝိုင်းထားပြီ၊ ရွာထဲမှာ အကုန် ၂၀၀ ကျော် ၃၀၀ လောက်လို့ ခန့်မှန်းရတယ်၊ ဟိုကောင် စခတွေကတော့ ၁၀၀ ကျော် ၂၀၀ နီးပါးရှိမယ်။ သူတို့ကို တိုက်ရင် ပစ်ရင် ရွာသားတွေကို မီးရှို့မယ်လို့ ပြောထားတာ၊ တနယ်လုံး PDF တွေသိအောင်ထိ စကားပါးထားတာ” ဟု ဒေသခံ တဦးက ပြောသည်။ 
    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    မြိုင်မြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းက လက်ယက်မ ကျေးရွာ နယ်တဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကျေးရွာများရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများရှိကြောင်း ဒေသခံထံမှ သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    အာဏာသိမ်း စစ်ကောင်စီတပ်သည် ကရင်နီပြည် (ကယား) ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ဒေသခံပြည်သုများကို မီးရှို့သတ်သည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီတပ်သားများ အသေအဆုံးများပြီး အထိနာသည့်နေရာများတွင် တိုက်လေယာဉ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ချင်းပြည်နယ်တွင်လည်း လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။
    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    Red News Agency

  • စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

    စစ်အာဏာရှင် စနစ်အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ကြွေးကြော်ကာ ပွင့်ဖြူမြို့နယ်မှ ဆရာ ဆရာမများ ဆန္ဒထုတ်ဖော်

    RNA-ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၅ ရက်။

    မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ရှောက်တော အ.ထ.က ကျောင်း (ဘောလုံးကွင်း) အတွင်း အခြေခံံ ဆရာ ဆရာမများက ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်ကို အကြွင်းမဲ့ယုံကြည်ကြောင်း၊ စစ်အာဏာရှင်စနစ် လိုမရှိ၊ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ စသည်ဖြင့် ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=j9hlE_S3QW8[/embedyt]

    Red News Agency

  • ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

    ဥပဒေချိုးဖောက်ပါက အားလုံး ဖမ်းမည်

    ဥပဒေချိုးဖောက်ပါက ပါတီဒုဥက္ကဌဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ၊ ညီ ဖြစ်ဖြစ် ဖမ်းရမည်ဟု ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုပြော

    ဒီလှိုင်းမကွေး၊ ဇူလိုင် ၂၇ ရက်။

    တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာတွင် ဥပဒေချိုးဖောက်ပါက ဖမ်းဆီးရမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဒေါက်တာ အောင်မိုးကြိုက ယနေ့တွင် ပြောကြားခဲ့သည်။[embedyt] https://www.youtube.com/watch?v=DzXV-NzGwlQ[/embedyt]

    Red News Agency

  • NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

    NLD ကြီးစိုးထားတဲ့ လွှတ်တော်ဖြစ်တဲ့အတွက် အစိုးရအဖွဲ့နဲ့ အဆင်ပြေ

    ဒီလိုင်း – ရိုက်ကူး

    ”ကျွန်တော်တို့ထိန်းညှိ့ရပါတယ်၊ပြီးတော့ကျွန်တော်တို့NLDကကြီးစိုးတဲ့လွှတ်တော်လည်းဖြစ်တဲ့အခါကြတော့အစိုးရနဲ့လွှတ်တော်ကြားမှာ အားလုံးအဆင်ပြေတယ်၊ကျွန်တော်တို့လွှတ်တော်မှာတင်ပြလိုက်တဲ့ဟာတွေ၊ကော်မတီရဲ့ကွင်းဆင်းဆောင်ရွက်မှုတွေ၊နောက်ဆုံးပိတ်လွှတ်တော်ရဲ့တိုင်ကြားစာမှုတွေ၊အစိုးရကလွှတ်တော်ကတင်ပြတဲ့အတိုင်းအကောင်အထည်ဖော်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောပါတယ်။[embedyt] https://www.youtube.com/watch?v=dYI1c9h5SM0[/embedyt]Red News Agency

  • အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

    အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်

    ” အုပ်ချုပ်ရေးလိုင်းကနေ အကြိမ်ကြိမ်ပြောထားတယ် တာဝန်ရှိတဲ့ အုပ်စုဥက္ကဌတွေ ဖြုတ်ရုံတင်မကဘူး အရေးယူ အပြစ်ပေးခံရမယ်။ သတင်းမပေးတဲ့အတွက်ကြောင့် အဲဒါတွေ အတန်တန်ပြောတယ် ပြောတဲ့ ကြားထဲက ခုလိုဖြစ်တာ ။ အောက်ခြေက မသိပါစေနဲ့ အောက်ခြေက ဖမ်းလို့ မမိပါဘူး ဒါလည်းဘဲ အားလုံးသိတဲ့အတိုင်း ပေါင်းသင်းထားတာရှိမယ်။ တရားဥပဒစိုးမိုးရေးထဲက၊ အုပ်ချုပ်ရေးထဲက၊ ရဲစခန်းထဲက” [embedyt] https://www.youtube.com/watch?v=eS56zlpZIrE[/embedyt]Red News Agency