DMO-PDF

ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

"ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်" လင်းယုန် ၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။ မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။…
Read More
NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။ (more…)
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။   "AK 47 MADE IN SAGAING"(သို့အဟုတ်)…
Read More
စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

" နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်" အောင်ဇေ   စစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို…
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

ကျောက်ပတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို PDFများ စီးနင်းတိုက်ခိုက်

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF ပူးပေါင်းတပ်မှ ရဲဘော်များ မေလ (၂) ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။   ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းစီးနင်းမှုအတွင်း ရဲ (၂) ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အင်အား (၁၃) ဦးခန့်သာ ရှိပြီး (၈) ဦး တရားရုံးသွားနေချိန်တွင်…
Read More
စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

RNA_ဧပြီ(၂၄)၊ ၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြောင်း သိရသည်။   ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် ဧပြီလ (၂၁) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဝင်ရောင်စဉ် စစ်ကောင်စီတပ်သားများနှင့် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။   ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ…
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More