Tag: တိုင်းရင်းသား

  • မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    မြန်မာ့မူးယစ်လောကနဲ့ သစ္စာရှင် သစ္စာခံများ၏ နောက်ကွယ်မှ ဇာတ်ရှုပ်များ

    “မူးယစ်ဆေးဝါး ပြဿနာသည် သာမန်ရာဇဝတ်မှုတစ်ခု (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြဿနာသက်သက် မဟုတ်ဘဲ၊ နိုင်ငံတော်၏ အာဏာတည်ဆောက်မှု ဗိသုကာနှင့် ဆက်စပ်နေသည်။ တပ်မတော်နှင့်၎င်းတို့၏ မဟာမိတ်များ (ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ)သည် နယ်မြေထိန်းချုပ်ရေး၊ စစ်ရေး ရန်ပုံငွေနှင့်ကိုယ်ပိုင်အကျိုး အမြတ်တို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ ဗဟိုချက်အဖြစ် ရပ်တည်နေသည်”

    ရန်နိုင်

    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူ/ဘိန်းစိမ်း (Opium/Heroin) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည့်အပြင်၊ မက်သာဖက်တမင်း (Methamphetamine) ကဲ့သို့သော ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကြီးများသည် မြန်မာနိုင်ငံ၏ တရားမဝင် စီးပွားရေးစနစ်၏ အချက်အချာတွင် ရှိနေပြီး၊ နိုင်ငံ၏ စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အာဏာတည်ဆောက်မှုတို့ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ထောက်ပံ့နေခဲ့သည်။

    ဝေဖန်သူများနှင့် ကျွမ်းကျင်သူများ၏ အဆိုအရ၊ ဤကဲ့သို့ ကြီးမားသော မူးယစ်ဆေးဝါး လုပ်ငန်းကြီးများ လည်ပတ်နေခြင်းသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်တပ် (တပ်မတော်)နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ပတ်သက်မှု၊ အဂတိလိုက်စားမှုနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်မှုများကြောင့်သာ ဖြစ်သည်ဟု ခိုင်မာစွာ ယူဆကြသည်။

    (more…)

  • အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

    အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်

    “မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ”

    ရေးသားသူ-စိုးဦး

    “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲကာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “ဇာတိမာန်” သီချင်းသံများသည် အခြေခံပညာအထက်တန်းကျောင်း အများအပြား၌ ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။

    ထိုအခမ်းအနားများကို စစ်ကောင်စီစိုးမိုးထားရာ ပဲခူးတိုင်းနှင့် မြို့ကြီးအချို့ရှိ အခြေခံပညာအထက်ကျောင်းများတွင်ပြုလုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်များနှင့် အုပ်ချုပ်ရေးအကြီးပိုင်းများက ကမကထ လုပ်ကာ ပါဝင်ကျင်းပခဲ့သည်။

    “တကျော့ပြန် အမျိုးသားရေးဝါဒ နှင့် စာသင်ကျောင်းများ”

    အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ အခြေခံပညာကျောင်းအထက်တန်း ကျောင်းများတွင် ကျင်းပပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာမိန့်ခွန်းကို အုပ်ချုပ်ရေးမှူးများက ဖတ်ကြားပြသည်။ တချို့မြို့များတွင်တော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးများကိုယ်တိုင် စစ်ယူနီဖောင်းဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

    “စာသင်ကျောင်းတွေမှာ သတင်းမီဒီယာကောင်စီနဲ့ YMBA (၂ဖွဲ့) ကနေ ဝါဒဖြန့်ချိမှုတွေကို ဦးဆောင်လုပ်တယ်။ စာသင်ကျောင်းတွေသာမကပဲ မြို့နယ် ပြန်ကြားရေးရုံးတွေမှာလည်း ပြုလုပ်လေ့ရှိတယ်။ သူတို့ဝါဒဖြန့်ချိမှုရဲ့ ဦးတည်အုပ်စုဟာ ကျောင်းသူ ကျောင်းသား လူငယ်အစိုးရဝန်ထမ်း ရဟန်းသံဃာ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်။ အဓိက ဟောပြောတဲ့ ခေါင်းစဉ်တွေက အမျိုးသားရေး အသိရှိဖို့ ၊ သတင်းတုသတင်းမှားများကို မယုံကြည်ဖို့ စတာတွေ ဖြစ်တယ်။” ဟု ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူ ကအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်ကို ပြောသည်။

    (more…)

  • မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ် (၄) တပ်ပေါင်းပြီး ပူးတွဲစစ်ရေးလှုပ်ရှားမည်

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်မှ ၅၃ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့

    ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီတပ်မှ ၅၃ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha ရဲဘော်များ၏ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ၄ လတာ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၅၃) ဦးသေဆုံးခဲ့ပြီး (၆) ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    (more…)

  • ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    “စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်”

    ငြိမ်းမောင်

    နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။

    ICRC   WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စပြီး သွားလာခွင့်၊ ကူညီခွင့်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး WFP က စားနပ်ရိက္ခာအထောက်အပံ့များကို  ကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များနှင့်ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ဆက်လက်ပံ့ပိုးနိုင်ရန်ဆောင်ရွက်နေချိန်တွင်စစ်ကောင်စီကပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ် ပြန်လည်ထူးထောင်ရေးအတွင်  ဒေသခံများ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက် အကူအညီ အထောက်အပံ့ များစွာ လိုအပ်နေချိန် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း၍ ရခိုင်ပြည်သူများအတိဒုက္ခရောက်စေနိုင်သည် စစ်ကောင်စီ၏ ယုတ်မာခြင်းဖြစ် သည်ဟု ရခိုင်ဒေသခံများက ပြောထားကြသည်။လူသားချင်းစာနာစိတ်နဲ့ကူညီကယ်ဆယ်ရေးတွေပေးနေတာကို ပိတ်ပင်တားဆီးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟုဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။

    (more…)

  • စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

    ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။

    (more…)

  • ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

    ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက်၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (CDF-Mindat) ရဲဘော်များမှ (၂) နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (၄၅၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း CDF-Mindat ရဲဘော် (၅၅) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
     
    မင်းတပ်ပြည်သူများသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူမဲ့သပိတ်ပြုလုပ်နေသည့် ပြည်သူ (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစပြီး မင်းတပ်ပြည်သူများသည် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့သည်မှာ ယနေ့ ( ဧပြီလ ၂၄ ရက်) သည် (၂)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း CDF-Mindat ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

    ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။

    (more…)

  • “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
    BACS
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
    ● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
    မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
    ( ပုံ – ၁ )
    ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
    စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
    ( ပုံ – ၂ )
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

    (more…)

  • နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။
     
    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။

    (more…)