စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ယမန်နေ့ပစ်ခတ်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ (၂) ဦးဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူများ၏ ယာဉ်များနှင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။

ကရင်နီပြည် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် တိုက်ပွဲများအတွင်း ရာထူးကြီးများအပါအဝင် ရာချီသေဆုံးနေသည့်အတွက် ဘာသာရေး အဆောက်အဦ၊ စစ်‌ဘေးရှောင်စခန်း၊ ဆေးရုံနှင့် စာသင်ကျောင်းများပါမကျန် လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ပြည်သူများ သတိကြီးစွာဖြင့် သွားလာနေထိုင်ကြရန် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ သတိပေးနှိုးဆော်ထားသည်။

#RedNewsAgency

By Editor