DMO-PDF

စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဒေါ်ငံခါး အ.ထ.ကကို ပြည်သူ့ကာကွယ်ရေးရဲဘော်များ နယ်မြေရှင်းလင်း

RNA_ဧပြီ(၂၄)၊ ၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ် တပ်စွဲထားသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=pmFjOkwsgoY[/embedyt]   ဒေါငံခါးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် ဧပြီလ (၂၁) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ကြောင်း၊ နယ်မြေရှင်းလင်းရေးဝင်ရောင်စဉ် စစ်ကောင်စီတပ်သားများနှင့် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွါခဲ့ကြောင်း သိရသည်။   #RedNewsAgency
Read More
ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်

RAN_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်းနှင့် လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။   ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ (၁) အား လက်နက်တပ်ဆင်ခြင်းနှင့် တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း အခန်းအနားကို အခမ်းအနား ဖေဖော်ဝါရီ (၁) ရက်နေ့ကပြုလုပ်ခဲ့ပြီး၊ အခန်းအနားတွင် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ ရဲဘော်များ သစ္စာဌာန်ခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Daw Na Column မှ ရုပ်သံနှင့်တကွ…
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More
ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်) မိုင်းနင်းမိပြီး ကျဆုံး 

ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်) မိုင်းနင်းမိပြီး ကျဆုံး 

RNA_စက်တင်ဘာ၂၀၊၂၀၂၂ခုနှစ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာ ရှေ့တန်းသို့ ဆေးကုရန် ဦးလေးဖြစ်သူနှင့် သွားပြီး ပြန်လာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သော ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်သည်) စက်တင်ဘာလ(၁၈)နေ့ ညနေ(၄)နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထောင်ထားသောမိုင်း နင်းမိ၍ ကျဆုံးခဲ့ရကြောင်း သိရသည်။ ရဲမေ မဇယ်ရာမီးနာသည် စစ်ကောင်စီတပ် ကျေးရွာအတွင်းထောင်ထားသည့် မိုင်းနင်းမိပြီး ကျဆုံးခဲ့ရပြီး အတူသွားလာခဲ့သည့် ဦးလေးဖြစ်သူ ‌ဦးပေါလူခွန်း အသက်(၅၀)နှစ်သည် ဘယ်လက်နှင့် ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု DMO-Local PDF က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ဒီးမော့ဆိုမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင် သေဆုံး

ဒီးမော့ဆိုမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင် သေဆုံး

RNA_မတ်၇၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန် တွင် ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီတပ်ကို ဒေသခံကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင်သေဆုံးကာ (၂) ဦးဖမ်းခံခဲ့ရကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ (more…)
Read More
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန် RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။ " အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့်…
Read More
စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်း‌ထန်နေပြီး အင်အားအလွန်အကျွှံသုံးနေသည့် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ၊ ဝှါရီဆူးပလိုင်တိုက်ပွဲ စစ်ကြောင်းထိုးနေသော စစ်ကောက်စီတပ်ကို အကူအညီလာသည့် တင့်ကားနှင့် ထောက်ပို့ကျည်ကားများ အပါအဝင် စစ်ကောင်စီတပ်သားများကို ပြည်သူ့တော်လှန်ရေး အင်အားစု KNDF B-03/ 11 KA နှင့် အရှေ့ဖက်ကမ်း PDF တို့မှ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=8OJf0-eCBJM[/embedyt] RedNewsAgency
Read More
မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀ ဝန်းကျင်အထိ ကျဆုံးနိုင်

မိုးဗြဲတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀ ဝန်းကျင်အထိ ကျဆုံးနိုင်

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ရှေ့တန်းရောက် ဒေါက်တာစွမ်းထက်အောင်နှင့် မိုးဗြဲ PDF ရဲဘော် မောင်မိုးနိုင်အပါအဝင် ၂၀ ဦးဝန်းကျင်အထိ ကျဆုံးမှုရှိနိုင်ကြောင်း သိရသည်။ စစ်ကောင်စီတပ်က နံနက်ပိုင်း အထိနာပြီး သံချပ်ကာ အမြှောက်ကား (တင့်ကား)၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ညနေ (၆) နာရီဝန်းကျင်က လေကြောင်းမှ (၈) ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိနာ အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ် တင့်ကားတစီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ (more…)
Read More
ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက်…
Read More